BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ညီနောင်မဟာမိတ် ၃ ဖွဲ့က...
သတင်းအတု

ညီနောင်မဟာမိတ် ၃ ဖွဲ့က နေပြည်တော်မြို့သိမ်းတိုက်ပွဲ စမယ့်ရက် ကြေညာတယ်ဆိုတဲ့ သတင်းအတု

ညီနောင်မဟာမိတ် ၃ ဖွဲ့က နေပြည်တော်မြို့သိမ်းတိုက်ပွဲ စမယ့်ရက် ကြေညာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 Feb 2024 2:50 PM IST
  • ညီနောင်မဟာမိတ် ၃ ဖွဲ့က နေပြည်တော်မြို့သိမ်းတိုက်ပွဲ စမယ့်ရက် ကြေညာတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ Khit Thit Media အမည်နဲ့ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ လက်နက်ကိုင်တွေ ပါဝင်တဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ညီနောင် မဟာမိတ် ၃ ဖွဲ့ နေပြည်တော် မြို့သိမ်းတိုက်ပွဲ စတင်မယ့်ရက် ကြေငြာ၊ မအလ ပြေးရင်တောင် မလွတ်ဘူး” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ညီနောင်မဟာမိတ် ၃ ဖွဲ့က နေပြည်တော်မြို့သိမ်းတိုက်ပွဲ စမယ့်ရက် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် ကိုးကန့်တပ်တွေနဲ့ အပစ်ရပ်ထားနိုင်ပေမယ့် TNLA တပ်တွေ၊ AA တပ်တွေနဲ့တော့ တိုက်ပွဲဆက်လက် ပြင်းထန်နေပါတယ်။

    ညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက AA နဲ့လည်း ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီး နေ့စဉ်နီးပါး စခန်းတွေ အသိမ်းခံနေရပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် နေပြည်တော် မြို့သိမ်းတိုက်ပွဲ ပြုလုပ်မယ်လို့ တစ်စုံတစ်ရာ ပြောကြားထားခြင်းမရှိသလို မြို့သိမ်းတိုက်ပွဲ စမယ့်ရက်ဆိုပြီး ကြေညာထားခြင်းလည်း မရှိပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်းမရှိသလို မည်သည့် မည်သည့်အဖွဲ့အစည်းမှာမှ ထုတ်ပြန်ထားခြင်းလည်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    Fake newsMilitaryCoupTNLAAAMNDAAသတင်းအတုညီနောင်မဟာမိတ် ၃ ဖွဲ့မြို့သိမ်းတိုက်ပွဲ
    Read Full Article
    Claim :   ညီနောင် မဟာမိတ် ၃ ဖွဲ့ နေပြည်တော် မြို့သိမ်းတိုက်ပွဲ စတင်မယ့်ရက် ကြေငြာ၊ မအလ ပြေးရင်တောင် မလွတ်ဘူး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!