BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA ကို တိုက်ထုတ်ဖို့ ALP...
သတင်းအတု

AA ကို တိုက်ထုတ်ဖို့ ALP သင်တန်းဆင်းပွဲ ပြုလုပ်တယ်ဆိုတဲ့ သတင်းအတု

AA ကို တိုက်ထုတ်ဖို့ ALP စစ်သင်တန်းပေးကာ သင်တန်းဆင်းပွဲတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 Sept 2022 2:24 PM IST
  • AA ကို တိုက်ထုတ်ဖို့ ALP သင်တန်းဆင်းပွဲ ပြုလုပ်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စက်တင်ဘာလ ၂၇ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ် အကောင့်တုတွေနဲ့ ဖြန့်ဝေနေတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ရခိုင်အမည်ခံအကြမ်းဖက်အဖွဲ့(AA)အား တိုက်ထုတ်ရန် ALP မှ နောက်ထပ် တပ်သားသစ်သင်တန်းဆင်းပွဲပြုလုပ်" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "ယနေ့ နံနက်ပိုင်း ၉ နာရီတွင် စစ်တွေမြို့၊ နာဇီရပ်ကွက်ရှိ ရခိုင်ငြိမ်းချမ်းရေးအဖွဲ့(ALP)ရုံးတွင် ရခိုင်လူငယ်များ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ထိုသင်တန်းဆင်းပွဲတွင် ALP ဒုဥက္ကဌ ဒေါ်စောမြတ်ရာဇာလင်း၊ ALP စစ်ဦးစီးချုပ် ခိုင်စောမြနှင့်အတူ ရခိုင်ပြည်နယ်အတွင်း ရခိုင်အမည်ခံကာ ရိုဟင်ဂျာအရေးလုပ်ဆောင်နေပြီး အကြမ်းဖက်မှုများဆိုးရွားစွာပြုလုပ်နေသည့် AA အား တိုက်ထုတ်ရန် တက်ကြွသူ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း ဖုန်းသတင်းသိရသည်" (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက လူမှုကွန်ယက်ပေါ် ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရက္ခိုင့်တပ်တော် AA ကို တိုက်ထုတ်ဖို့ ALP က စစ်သင်တန်းပေးကာ သင်တန်းဆင်းပွဲ ပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလတ်စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ALP ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်သင်တန်းဆင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး ၎င်းသင်တန်းဆင်းပွဲမှာ ဝတ်ဆင်ထားတဲ့ ဝတ်စုံတွေဟာ စစ်ကောင်စီတပ်တွေ ဝတ်ဆင်တဲ့ ဝတ်စုံနဲ့ ပုံစံတူနေတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ဒီသင်တန်းဆင်းပွဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ် မြောက်ရေးတပ်မတော်(ALP/ALA) ပါတီရဲ့ ဒု-ဥက္ကဌလည်းဖြစ် ဒုစစ်သေနာပတိချုပ်ဖြစ်သူ ဒေါ်စောမြရာဇာလင်းက ရခိုင်ပြည်ရဲ့အချုပ်အချာအာဏာကို သွေးမြေမကျတဲ့နည်းနဲ့ အရယူနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒေါ်စောမြရာဇာလင်း ပြောဆိုထားတဲ့ အကြောင်းအရာကို ဒီနေရာမှာ ကြည့်ပါ။


    ALP ရဲ့ စစ်သင်တန်းဆင်းပွဲအပြီးမှာ စစ်ကောင်စီတပ်တွေကို ကူတိုက်ပေးမယ်တို့၊ နယ်ခြားစောင့် တပ်လုပ်မယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်အင်အားကောင်းတဲ့ သံတွဲ သူဌေးချောင်းနားမှာ ALP ကို စစ်စခန်းဖွင့်ဖို့ နေရာ ပေးထားတယ်ဆိုတဲ့ သတင်းအချို့လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

    ဒီလိုထွက်ပေါ်လာတဲ့ ကောလဟာလတွေ သတင်းတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အခြေစိုက် Border News Agency က ALP က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ စစ်စခန်းဖွင့်ထားခြင်းလည်း မရှိသလို၊ နယ်ခြားစောင့်တပ်လုပ်ဖို့လည်း အစီအစဉ်မရှိဘူးလို့ ဖြေကြားထားပါတယ်။

    BNA သတင်းဌာန က အင်တာဗျူးထားတဲ့သတင်းကို ဒီနေရာမှာ ဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ လိုက်လံစစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏ ဖြန့်လေ့ရှိတာကို တွေ့ရပါတယ်။


    Tags

    Fake newsArakan Liberation PartyArakan Liberation ArmyALPMilitaryArakan ArmyAAသတင်းအတုအေအေရက္ခိုင့်တပ်တော်စစ်ကောင်စီ
    Read Full Article
    Claim :   (AA)အား တိုက်ထုတ်ရန် ALP မှ နောက်ထပ် တပ်သားသစ်သင်တန်းဆင်းပွဲပြုလုပ်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!