BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သရုပ်ဆောင် ထားထက်ထက်ကို...
သတင်းအတု

သရုပ်ဆောင် ထားထက်ထက်ကို အစ္စလာမ်ဘာသာဝင် အဖြစ် လုပ်ကြံဖြန့်ဝေထားတဲ့သတင်းအတု

စစ်ကောင်စီကို တစိုက်မတ်မတ်တော်လှန်နေတဲ့ သရုပ်ဆောင် ထားထက်ထက်ကို အစ္စလာမ်ဘာသာဝင်အဖြစ်လုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအမှားတွေ ဒီရက်ပိုင်းထဲလူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  16 Jun 2022 8:04 PM IST
  • သရုပ်ဆောင် ထားထက်ထက်ကို အစ္စလာမ်ဘာသာဝင် အဖြစ် လုပ်ကြံဖြန့်ဝေထားတဲ့သတင်းအတု

    အဆိုပါ သတင်းအမှားကို ဇွန်လ ၂ ရက်နေ့မှာ ခင်ခင်ထက် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ဝေထားတာဖြစ်ပြီး ၎င်း သတင်းအမှားကို ဖြန့်ဝေရာမှာ ထားထက်ထက်ရဲ့ ဓါတ်ပုံတွေနဲ့ ဟေဇယ်နှင်းဝေရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ တချို့ သတင်းအမှားဖြန့်ဝေသူတွေကတော့ ဟေဇယ်နှင်းဝေကိုသာ ဖမ်းဆီးဖို့ ရေးသားနေကြတာကို တွေ့ရပါတယ်။ ဒီလို ဖြန့်ဝေကြတဲ့အခါမှာ "တောခိုအကြမ်းဖက် ထားထက်ထက်က မွတ်ဆလင် အစ္စလာမ်ဆိုတာ သင်တို့သိပါသလား။ အကြမ်းဖက်အဖွဲ့ကို လှူဖို့တိုက်တွန်းနေတဲ့ ဟေဇယ်နှင်းဝေ ကသူ့ညီမ ဝမ်းကွဲ။ မွတ်ဆလင်တွေပဲ ထားထက်ထက် အမေနဲ့ ဟေဇယ်အဖေက မောင်နှမအရင်းတွေ…" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ တချို့ဖြန့်ဝေမှုတွေမှာတော့ ဟေဇယ်နှင်းဝေရဲ့ မှတ်ပုံတင်ကို တင်ထားပြီး ထားထက်ထက်ရဲ့ အလှူခံပိုစ့်တွေ ရှယ်ထားတဲ့အတွက် ဖမ်းဆီးဖို့ ရေးသားနေတာ တွေ့ရပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ် ချန်နယ်တွေမှာ ဖြန့်ဝေနောကသလို Facebook ပေါ်မှာလည်း ထပ်ဆင့်ဝေမျှထားသူ ကူးယူဖော်ပြထားသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    သရုပ်ဆောင် ထားထက်ထက်ကို အစ္စလာမ် ဘာသာဝင် ဖြစ်တယ်လို့ ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဘာသာရေး မှိုင်းတိုက်ဖို့ ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ထားထက်ထက်ဟာ တော်လှန်ရေးအင်အားစုတွေအတွက် အလှူငွေတွေ ကောက်ပေးနေတဲ့အတွက် ၂၀၂၁ ခုနှစ် အစောပိုင်းလတွေထဲက ဟန်ငြိမ်းဦးတို့အဖွဲ့ရဲ့ သတင်းအမှားဖြန့်ဝေမှုကို ဆက်တိုက်ခံခဲ့ရသူ ဖြစ်ပါတယ်။ အခုချိန်မှာ ဘာသာရေးမှိုင်းတိုက်ဖို့ ထပ်မံဖြန့်ဝေလာခြင်းသာ ဖြစ်ပါတယ်။ ထားထက်ထက်ရော သူမရဲ့ မိသားစုဝင်တွေကပါ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ ထားထက်ထက် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် Miss ပြိုင်ပွဲဝင်စဉ်က ရေးသားထားတဲ့ အချက်အလက်တွေကို Miss Golden Land Myanmar ရဲ့ တရားဝင်ပေ့ချ်မှာ တင်ထားတဲ့ အကြောင်းအရာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။


    ဟေဇယ်နှင်းဝေဟာ ခိုင်းနှင်းဝေရဲ့ ညီမ ဖြစ်ပြီး ထားထက်ထက်ရဲ့ သူငယ်ချင်းဖြစ်ကာ ထားထက်ထက် တင်ထားတဲ့ အလှူငွေကောက်ခံတဲ့ပိုစ့်တွေကို ထပ်ဆင့်ဝေမျှနေတဲ့အတွက် စစ်ကောင်စီ ထောက်ခံသူတွေကို သူမကို ဖမ်းဆီးဖို့ လှုံ့ဆော်ရေးသားမှုတွေ ပြုလုပ်နေရာကနေ အခုလို ဘာသာရေးအရ သွေးခွဲဖို့ သတင်းအမှားဖြန့်ဝေလာတာ ဖြစ်ပါတယ်။





    Tags

    Fake newsMilitaryCoupPDFReligionFundraisingသတင်းအတုဘာသာရေးမှိုင်းတိုက်
    Read Full Article
    Claim :   ထားထက်ထက်က အစ္စလာမ်ဘာသာဝင်ဖြစ်တယ်
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!