BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သရုပ်ဆောင် ဦးကျော်သူ...
      သတင်းအတု

      သရုပ်ဆောင် ဦးကျော်သူ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု

      ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  25 March 2023 11:43 AM IST
    • သရုပ်ဆောင် ဦးကျော်သူ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Newsradi ဆိုတဲ့ Website တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး ဦးကျော်သူရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားကာ ဓါတ်ပုံအပေါ်မှာ “ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ ရုတ်တရက် ထင်မထားပဲ ကွယ်လွန်ဆုံးပါးသွားရှာပြီ။ ဘာတွေနောက်ဆုံး မှာသွားခဲ့သလဲ” လို့ ရေးသားထားပါတယ်။ ဒီ Website ရဲ့ အတွင်းမှာတော့ ဦးကျော်သူ ဆုံးပါးသွားတဲ့ သတင်းကိုဝင်ရောက် ကြည့်ရှုဖို့ဆိုပြီး YouTube Video တစ်ပုဒ်ထပ်တင်ထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်ပေ့ချ်တွေနဲ့ လူများတဲ့ Group တွေထဲကို ဖြန့်ဝေထားကြပြီး YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ကွယ်လွန်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဦးကျော်သူရဲ့ ဖခင်ဖြစ်သူ ဦးစိန်တင် ဟာ မတ်လ ၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီး မတ်လ ၅ ရက်နေ့ မနက်ပိုင်းက ရေးဝေးသုသာန်မှာ ဂူသွင်း သဂြိုလ်ခဲ့ပါတယ်။ ဦးကျော်သူကတော့ စစ်ကောင်စီတပ်တွေရဲ့ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းကြောင့် တိမ်းရှောင်နေရတဲ့အတွက် ဖခင်ဖြစ်သူရဲ့ နာရေးကို လိုက်ပါပို့ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဦးကျော်သူကတော့ စစ်ကောင်စီတပ်တွေရဲ့ လွတ်မြောက်ရာဒေသတစ်ခုမှာ ဘေးကင်းစွာ ရှိနေဆဲ ဖြစ်ပါတယ်။

      ဒါ့အပြင် သတင်းအမှားတင်ထားတဲ့ Website အတွင်းမှာရော ထပ်မံဝင်ရောက်ကြည့်ရှု့ဖို့ ဖြန့်ထားတဲ့ YouTube Video အတွင်းမှာရော ဒီအကြောင်းအရာ မပါဝင်ပါဘူး။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ တင်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsBurmese actorpass awayMilitaryCoupသတင်းအတုစစ်ကောင်စီClickbaits
      Read Full Article
      Claim :   ရုပ်ရှင်မင်းသားကြီး ဦးကျော်သူ ရုတ်တရက် ထင်မထားပဲ ကွယ်လွန်ဆုံးပါးသွားရှာပြီ။
      Claimed By :  Facebook, YouTube, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!