BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်လေဆိပ် ဗုံးပေါက်လို့ ၁၀၀...
သတင်းအတု

ရန်ကုန်လေဆိပ် ဗုံးပေါက်လို့ ၁၀၀ ခန့်သေဆုံးသွားတယ်ဆိုတာမဟုတ်ပါ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အပြင်းစားပေါက်ကွဲမှု ဖြစ်ပြီး ပြည်သူ ၁၂ ဦး အပါအဝင် ၁၀၀ ခန့် သေဆုံးသွားတယ်ဆိုတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Dec 2023 7:10 PM IST
  • ရန်ကုန်လေဆိပ် ဗုံးပေါက်လို့ ၁၀၀ ခန့်သေဆုံးသွားတယ်ဆိုတာမဟုတ်ပါ

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၁ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ မီးလောင်ပေါက်ကွဲနေတဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၈ ရက် ရန်ကုန် အရေးပေါ်သတင်း၊ ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အပြင်းစား မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၁၂ ဦးအပါအဝင် ဂိတ်စောင့် စစ်ခွေး (၇၈) ကောင်သေဆုံး” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၁ ရက်အတွင်း YouTube ပေါ်မှာ Like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၁၆၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အပြင်းစားပေါက်ကွဲမှု ဖြစ်ပြီး ပြည်သူတွေအပါအဝင် ၁၀၀ ဦးခန့် သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်နေပေမယ့် ၁၀၀ ကျော် သေဆုံးတဲ့ ပေါက်ကွဲမှု ဖြစ်စဉ်မျိုး မရှိသေးသလို၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခြင်း မရှိပါဘူး။

    ဒါ့အပြင် ဒီသတင်းအမှားကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။ Video အတွင်းမှာ ရန်ကုန်မှာ လုံခြုံရေး တင်းကြပ်ထားတဲ့အတွက် မြို့ပြပျောက်ကျား ရဲဘော်တွေ သတိကြီးကြီး ထားနေရတယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြား သတင်းအကြောင်းအရာတွေကို ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupbomb blastYangon airportသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ရန်ကုန်လေဆိပ်မှာ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူတွေအပါအဝင် ၁၀၀ ခန့်သေဆုံး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!