BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ထရမ့်နဲ့ ကမ်မလာဟဲရစ်ရဲ့ Debate...
သတင်းအတု

ထရမ့်နဲ့ ကမ်မလာဟဲရစ်ရဲ့ Debate ကြောင့် ABC မီဒီယာက ဒေါ်လာ ၂၇ သန်း ဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းအတု

ABC မီဒီယာက သမ္မတနေရာ စကားစစ်ထိုးပွဲ ကျင်းပလို့ ကြော်ငြာဝင်ငွေ ဒေါ်လာ ၂၇ သန်း ဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Sept 2024 10:18 PM IST
  • ထရမ့်နဲ့ ကမ်မလာဟဲရစ်ရဲ့ Debate ကြောင့် ABC မီဒီယာက ဒေါ်လာ ၂၇ သန်း ဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စက်တင်ဘာလ ၁၄ ရက်ခန့်မှာ လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ထွက်ပေါ်လာတာဖြစ်ပြီး သတင်းအမှားထဲမှာ "ABC မီဒီယာက စက်တင်ဘာလ ၁၀ ရက် အဂ်ါနေ့မှာ ကျင်းပခဲ့တဲ့ Debate ကြောင့် ကြော်ငြာတွေက ဝင်ငွေ ဒေါ်လာ ၂၇ သန်း ဆုံးရှုံးခဲ့တယ်" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ပိုစ့်ကို တစ်ခြား Social Media အသုံးပြုသူတွေကပါ ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ABC မီဒီယာက သမ္မတနေရာ စကားစစ်ထိုးပွဲ ကျင်းပလို့ ကြော်ငြာဝင်ငွေ ဒေါ်လာ ၂၇ သန်း ဆုံးရှုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကောလဟာလ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ABC မီဒီယာဟာ ထရမ့်နဲ့ ကမ်မလာဟဲရစ်တို့ရဲ့ သမ္မတနေရာ စကားစစ်ထိုးပွဲကြောင့် ဒေါ်လာ ၂၇ သန်း ဆုံးရှုံးသွားခြင်း မရှိပါဘူး။

    ဒီကောလဟာလ သတင်းအမှားဟာ SP ACEXMANIA ဆိုတဲ့ Website မှာ ဖော်ပြထားတဲ့ သရော်စာကို အခြေခံပြီး ထွက်ပေါ်လာခြင်းသာ ဖြစ်ပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး တစ်ခြားမီဒီယာတွေမှာ ဖော်ပြထားတဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

    Tags

    Fake newsABC mediapresidential debateTrumpKamala Harrisသတင်းအတုထရမ့်
    Read Full Article
    Claim :   ABC lost $27M in ad revenue after advertisers pulled ads from the network after the way they hosted the debate on Tuesday, September 10th
    Claimed By :  Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!