BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က ရခိုင်မှာ အခြေချတဲ့ PDF တွေကို...
သတင်းအတု

AA က ရခိုင်မှာ အခြေချတဲ့ PDF တွေကို အဓမ္မခြိမ်းခြောက် ဖိနှိပ်စေခိုင်းတယ်ဆိုတဲ့ သတင်းအတု

အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်မှာ လာရောက်အခြေချတဲ့ PDF တွေကို အဓမ္မဖိနှိပ်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 Aug 2024 12:03 PM IST
  • AA က ရခိုင်မှာ အခြေချတဲ့ PDF တွေကို အဓမ္မခြိမ်းခြောက် ဖိနှိပ်စေခိုင်းတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက် စာမျက်နှာတွေပေါ် ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်အတွင်း လာပြီး အခြေချနေတဲ့ PDF အဖွဲ့တို့ အဓမ္မခြိမ်းခြောက် ဖိနှိပ်စေခိုင်း” လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း PDF အဖွဲ့တွေကိုအခြေချဖို့အတွက် လက်ခံကာ စစ်သင်တန်းများပေးခဲ့ပြီး AA အဖွဲ့က စစ်ကောင်စီကို တိုက်ခိုက်ချိန်မှာ PDF အဖွဲ့တွေကို ရှေ့တန်းတင်ပြီး တိုက်ခိုက်လျက်ရှိပါတယ်။ AA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ PDF အဖွဲ့တွေကိုထားရှိပြီး AA အဖွဲ့နဲ့ PDF ခေါင်းဆောင်ပိုင်းတွေပေါင်းကာ PDF အောက်ခြေအဖွဲ့တွေကို ခြိမ်းခြောက်တိုက်ခိုင်းတဲ့အတွက် ၎င်းတို့ကြားမှာ အငြင်းပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေကပါ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အာရက္ခတပ်တော် AA က ရခိုင်ပြည်နယ်မှာ လာရောက်အခြေချတဲ့ PDF တွေကို အဓမ္မခြိမ်းခြောက် ဖိနှိပ် စေခိုင်းနေတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရခိုင်ပြည်နယ်မှာ AA က စစ်သင်တန်းပေးပြီး တိုက်ပွဲအတွေ့အကြုံဖော်ဆောင်နေတဲ့ PDF တပ်ရင်းတွေ ရှိပြီး ယခုအချိန်ထိ အဆင်ပြေစွာ ဆက်လက်ရပ်တည်နေကာ စစ်သင်တန်းတွေ ပေးနေဆဲသာ ဖြစ်ပါတယ်။ AA ဘက်က တစ်စုံတစ်ရာ ခြိမ်းခြောက် အကြပ်ကိုင်ခြင်း ဖိနှိပ်စေခိုင်းခြင်း ဖြစ်စဉ်မရှိပါဘူး။ ဒီလို သတင်းအမှားမျိုးကို စစ်တပ်ထောက်ခံသူတွေက ယမန်နှစ်ခန့် ကတည်းက ပုံစံအမျိုးမျိုးနဲ့ ဝါဒဖြန့် သတင်းအမှားဖြန့်နေတာ ဖြစ်ပါတယ်။

    ရခိုင်တစ်ပြည်လုံး အတိုင်းအတာနဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ပွဲရှုံးနှိမ့်မှုတွေ နယ်မြေလက်လွတ်ရမှုတွေ ပိုများလာတဲ့အချိန်မှာ သတင်းအမှားပေါင်းများစွာနဲ့ AA အပေါ် ဝါဒဖြန့်နေခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyMilitaryPDFAARakhine Stateသတင်းအတုအာရက္ခတပ်တော်ရခိုင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်စစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   AA က ရခိုင်မှာ အခြေချတဲ့ PDF တွေကို အဓမ္မခြိမ်းခြောက် ဖိနှိပ်စေခိုင်းနေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!