BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က ဒေသခံတွေကိုခေါ်ပြီး...
သတင်းအတု

AA က ဒေသခံတွေကိုခေါ်ပြီး ဗုံးခိုကျင်းတူးခိုင်းနေတယ်ဆိုတဲ့ သတင်းအတု

ရက္ခိုင့်တပ်တော် AA က ပြည်သူတွေကို ခေါ်ပြီးဗုံးခိုကျင်း တူးခိုင်းနေတယ်ဆိုတဲ့သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 March 2024 9:17 PM IST
  • AA က ဒေသခံတွေကိုခေါ်ပြီး ဗုံးခိုကျင်းတူးခိုင်းနေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေကနေ စတင်ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဗုံးခိုကျင်းတူးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ၎င်းဓါတ်ပုံတွေနဲ့အတူ “AA ခဲဝါ အဖွဲ့က ဒေသခံ ပြည်သူများကိုပါ ခေါ်ဆောင်၍ ဗုံးခိုကျင်းများတူးခိုင်းနေ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ “ရမ်းဗြဲ မြို့နယ်အတွင်း တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ကြောင့် AA အဖွဲ့များ ထိခိုက် သေဆုံး မှုများ များပြားလာသောကြောင့် တိုက်နယ်မှူးဆိုသူများမှ တစ်ရွာလျင် တစ်ယောက်နှုန်း ကျေးရွာသူ ၊ ကျေးရွာသားများအားခေါ်ဆောင် ၍ AA အဖွဲ့ဝင်များအတွက် ဗုံးခိုကျင်းများအား အဓမ္မခေါ်ဆောင်၍ တူးဖော်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရပါတယ်..” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရက္ခိုင့်တပ်တော် AA က ပြည်သူတွေကို ခေါ်ပြီးဗုံးခိုကျင်း တူးခိုင်းနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ ဓါတ်ပုံတွေဟာ ရခိုင်ပြည်နယ်က ဓါတ်ပုံတွေ မဟုတ်သလို AA က ပြည်သူတွေကို ဗုံးခိုကျင်း တူးခိုင်းနေတဲ့ ဓါတ်ပုံတွေလည်း မဟုတ်ပါဘူး။ ဒီဓါတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်က ကချင်ပြည်နယ်က ဓါတ်ပုံတွေ ဖြစ်ပြီး IDP camps က စစ်ရှောင် ဒုက္ခသည်တွေ တိုက်ပွဲတွေကြောင့် ဗုံးခိုကျင်းတူးနေတဲ့ ပုံတွေသာ ဖြစ်ပါတယ်။ ဒီပုံတွေကို ယူပြီး AA က ပြည်သူတွေကို ဗုံးခိုကျင်း တူးခိုင်းတယ်လို့ ဖြန့်ထားတာ ဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က CAN သတင်းထောက် May Wong တင်ထားတဲ့ သတင်းကို ဒီနေရာမှာဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyRakhinebombing shelterသတင်းအတုဗုံးခိုကျင်းရက္ခိုင့်တပ်တော်
    Read Full Article
    Claim :   AA က ဒေသခံတွေကိုခေါ်ပြီး ဗုံးခိုကျင်းတူးခိုင်းနေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!