BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဟာမိတ် ၃ ဖွဲ့ထဲက AA ကို...
သတင်းအတု

မဟာမိတ် ၃ ဖွဲ့ထဲက AA ကို ဖယ်ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေနဲ့ အပစ်ရပ် သဘောတူထားတဲ့ ရက္ခိုင့်တပ်တော် AA ကို မဟာမိတ် ၃ ဖွဲ့က ဖယ်ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  11 Dec 2022 11:45 AM IST
  • မဟာမိတ် ၃ ဖွဲ့ထဲက AA ကို ဖယ်ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို News Khit ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၄ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ AA စစ်ဦးစီးချုပ်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံရဲ့ အပေါ်မှာ "လက်နက်ချသွားလို့ ရခိုင်ပြည်သူတွေကို တောင်းပန်၊ ၃ ရက်နေ့ မဟာမိတ် ၃ ဖွဲ့က AA ကို ထုတ်ပယ်လိုက်ပြီ။ ထွန်းမြတ်နိုင် သစ္စာဖောက်ခံရပြီ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "မဟာမိတ်တွေက AA ကို ထုတ်ပယ်လိုက်ကြပြီ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှု့ထားသူ ထောင်ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီတပ်တွေနဲ့ အပစ်ရပ် သဘောတူထားတဲ့ ရက္ခိုင့်တပ်တော် AA ကို မဟာမိတ် ၃ ဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလတ်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီ Video ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားပြီး ကြည်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။ AA ဟာ ရခိုင်ပြည်သူတွေ စဉ်စားပြီတော့ လူသားခြင်း စာနာမှုဆိုင်ရာအတွက် အပစ်ရပ်ဆဲခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ရေးတင်းမာနေဆဲသာ ဖြစ်ပါတယ်။ ဒီအပစ်ရပ်ထားမှုအတွက် AA ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်က မှတ်ချက်တစ်စုံတစ်ရာ ပေးထားခြင်း မရှိသလို မဟာမိတ် ၃ ဖွဲ့က ထုတ်ပယ်ထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်တဲ့အဖွဲ့ကသာ ၎င်းတို့ Video မှာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

    ဒါ့အပြင် Video ရဲ့ ခေါင်းစဉ်မှာ မဟာမိတ် ၃ ဖွဲ့ က ထုတ်ပယ်ထားတယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ အဆိုပါ အကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ AA နဲ့ စစ်ကောင်စီတပ်တွေ အပစ်ရပ်တဲ့အကြောင်း စစ်တပ်ထောက်ခံတဲ့ မီဒီယာတစ်ခုက တင်ထားတဲ့ အသံဖိုင်ကို ယူကာ သတင်းပုံစံ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ မဟာမိတ် ၃ ဖွဲ့ ထုတ်တဲ့အကြောင်း တစ်လုံးမှ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ပိုက်ဆံပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyMilitaryCoupNorthern Alliancesသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   မဟာမိတ်တွေက AA ကို ထုတ်ပယ်လိုက်ကြပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!