BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က ရန်ကုန်-စစ်တွေ...
သတင်းအတု

AA က ရန်ကုန်-စစ်တွေ ကုန်စည်သင်္ဘောတွေကို တရားမဝင် ပစ္စည်းသယ်ဆောင်ခိုင်းတယ်ဆိုတဲ့ သတင်းအတု

အာရက္ခတပ်တော် AA က ရန်ကုန်-စစ်တွေ ကုန်စည်သင်္ဘောတွေက တရားမဝင် ပစ္စည်းတွေ သယ်ဆောင်ခိုင်းတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  17 Aug 2024 7:07 PM IST
  • AA က ရန်ကုန်-စစ်တွေ ကုန်စည်သင်္ဘောတွေကို တရားမဝင် ပစ္စည်းသယ်ဆောင်ခိုင်းတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “AA ခဲဝါအဖွဲ့က ရန်ကုန်-စစ်တွေလာတဲ့ ကုန်စည်သင်္ဘောတွေကို တရားမဝင် ပစ္စည်းများခြိမ်းခြောက်သယ်ဆောင်ခိုင်း” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ရခိုင်ပြည်နယ်က ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အတွက် ရေကြောင်းကနေ ကုန်ပစ္စည်း တင်ဆောင်ခွင့်ပေးထားပြီး AA က သူတို့ထိန်းချုပ်နယ်မြေဆီကို စားသောက်ကုန်နဲ့ လူသုံးကုန်တွေ ခိုးဝှက်သယ်ဆောင်ခိုင်းတဲ့အပြင် သင်္ဘောပိုင်ရှင်တွေကို ခြိမ်းခြောက်ပြီး တရားမဝင် ပစ္စည်းတွေ အဓ္ဓမ သယ်ဆောင်ခိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အာရက္ခတပ်တော် AA က ရန်ကုန်-စစ်တွေ ကုန်စည်သင်္ဘောတွေက တရားမဝင် ပစ္စည်းတွေ သယ်ဆောင်ခိုင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    AA က ၎င်းတို့ရဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်တာတွေကို ၎င်းတို့ရဲ့ လမ်းကြောင်းနဲ့သာ ပြုလုပ်နေတာဖြစ်ပြီး ကုန်သင်္ဘောတွေကို အတင်းအဓမ္မ ပစ္စည်း သယ်ခိုင်းတယ်ဆိုတာကတော့ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်မှာ နယ်မြေပေါင်းများစွာ ဆုံးရှုံးနေပြီး စစ်စခန်းတွေ အသိမ်းခံရတာတွေ၊ ကျဆုံးမှုမြင့်တက်နေတာတွေ၊ ဖမ်းဆီးခံရမှုတွေကြောင့် စစ်ကောင်စီထောက်ခံသူတွေဘက်က ဝါဒဖြန့် သတင်းအမှားပေါင်းများစွာနဲ့ အခုလို ဖြန့်ဝေထားကြတာပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyYangon-Sittwe cargo shipsillegal goodsသတင်းအတုအာရက္ခတပ်တော်စစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   AA က ရန်ကုန်-စစ်တွေလာတဲ့ ကုန်စည်သင်္ဘောတွေကို တရားမဝင် ပစ္စည်းများခြိမ်းခြောက်သယ်ဆောင်ခိုင်း
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!