BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မင်းပြားမြို့နယ်က မွတ်စလင်တွေကို AA...
သတင်းအတု

မင်းပြားမြို့နယ်က မွတ်စလင်တွေကို AA က ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းက မွတ်စလင်တွေကို AA က ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 March 2024 9:59 PM IST
  • မင်းပြားမြို့နယ်က မွတ်စလင်တွေကို AA က ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒဏ်ရာရ သေဆုံးသွားတဲ့ ရိုဟင်ဂျာတွေရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မွတ်စလင်ကျေးရွာက မွတ်စလင်တွေကို AA အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ် လို့ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းက မွတ်စလင်တွေကို AA က ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာကို မတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကာ အရပ်သား ၂၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။ အဆိုပါ ကျေးရွာမှာ စစ်ရှောင်ရင်း လာရောက်တိမ်းရှောင်နေတဲ့ မွတ်စလင်တွေရှိနေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

    ဒီလို မွတ်စလင်တွေ အများအပြားသေဆုံးခဲ့ရတဲ့သတင်းကို သတင်းမီဒီယာတွေမှာလည်း ဖော်ပြခဲ့ကြပြီး ဒေသခံတွေကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ရတာလို့ အတည်ပြုထားကြပါတယ်။ ဒါကို စစ်ကောင်စီ ထောက်ခံသူတွေဖက်က သတင်းအမှားဖြန့်ပြီး တန်ပြန် သတင်းအမှားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    BBC သတင်းဌာနက ဖော်ပြထားတဲ့ မင်းပြားမြို့နယ်က မွတ်စလင်ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်ခံရပြီး ရိုဟင်ဂျာတွေ အများအပြားသေဆုံးခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyRohingya MuslimMilitaryAirstrikesသတင်းအမှားလေကြောင်းတိုက်ခိုက်စစ်ကောင်စီရက္ခိုင့်တပ်တော်
    Read Full Article
    Claim :   ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မွတ်စလင်ကျေးရွာက မွတ်စလင်တွေကို AA အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!