BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • AA က အပစ်ရပ်သဘောတူပြီး...
သတင်းအတု

AA က အပစ်ရပ်သဘောတူပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တက်သိမ်းတယ်ဆိုတဲ့ သတင်းအတု

ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်တွေနဲ့ အပစ်ရပ် သဘောတူပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တက်သိမ်းတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  11 Dec 2022 11:41 AM IST
  • AA က အပစ်ရပ်သဘောတူပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တက်သိမ်းတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Tsx mar 07 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၄ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံမှာ AA စစ်ဦးစီးချုပ်ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို သုံးထားပြီး ဓါတ်ပုံရဲ့ အပေါ်မှာ "AA ကတိ မတည်ဘူးဟေ့။ ငြိမ်းချမ်းရေးစကားပြောပြီး အနောက်ပိုင်း စစ်ဌာနချုပ်ကို AA တက်သိမ်း" လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း AA က ငြိမ်းချမ်းရေးယူမယ်လို့ လိမ်ညာပြောဆိုပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တက်သိမ်းလို့ စစ်ကောင်စီတပ်တွေ သေဆုံးသွားတယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို Like လုပ်ထားသူ ၃၃၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၉၁၀၀၀ ကျော်ရှိကာ တစ်ခြား ဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရက္ခိုင့်တပ်တော် AA က အပစ်ရပ်သဘောတူပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တက်သိမ်းလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများကြီး သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီ သတင်းအမှားဟာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာဖြစ်ပြီး AA က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တက်သိမ်းချင်း မရှိသလို AA နဲ့ စစ်ကောင်စီတပ်တွေ ကြားမှာ အပစ်ရပ်သဘောတူပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားထားခြင်း မရှိပါဘူး။

    သတင်းအမှား Video ထဲမှာ AA က အနောက်ပိုင်းတိုင်း စစ်ဌနာချုပ်ကို တက်သိမ်းတယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ အဆိုပါ အကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ AA ကြား အပစ်ရပ်ပြီးနောက် ရခိုင်ရိုးမပေါ်က သစ်တွေ အလုံးအရင်းနဲ့ ခိုးထုတ်နေတယ်ဆိုတဲ့ အကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အကြောင်းအရာ တစ်စုံတစ်ရာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ကာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsArakan ArmyMilitaryCoupcease-fireစစ်ကောင်စီအာဏာသိမ်းရက္ခိုင့်တပ်တော်သတင်းအတု
    Read Full Article
    Claim :   ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်တွေနဲ့ အပစ်ရပ် သဘောတူပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တက်သိမ်း
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!