BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CDM မဝင်တဲ့သူတွေကို နှိပ်စက်တဲ့...
သတင်းအတု

CDM မဝင်တဲ့သူတွေကို နှိပ်စက်တဲ့ Video မဟုတ်ပါ

Video အဟောင်း တစ်ပုဒ်ကို အသုံးပြုပြီး Non CDM ဆရာမ တစ်ယောက်ကို PDF တွေက လည်ပင်းကြိုးချည်ပြီး ရိုက်နှက်နေတယ် ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Feb 2022 9:21 PM IST
  • CDM မဝင်တဲ့သူတွေကို နှိပ်စက်တဲ့ Video မဟုတ်ပါ

    အဆိုပါ သတင်းအမှားကို Aerial Aerial ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၈ နာရီ ၅၉ မိနစ်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ အမျိုးသမီးတစ်ဦးကို ကြိုးတုပ်ပြီး ပျောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူတွေက ရိုက်နှက်နေတဲ့ Video တစ်ပုဒ်ကို တင်ထားပါတယ်။ အဆိုပါ Video နဲ့အတူ "မနေ့ကပြောတဲ့ vdo file ပါ။ Non CDM ဆရာမများကို အကြမ်းဖက်PDF များက လည်ပင်းကိုကြိုးချည်ပြီး ရိုက်နှက်နေတာပါ။ မထင်ရင် မထင်သလို တခါတည်း ပစ်သတ်ပါတယ်။NLD ,CRPH,NUG လက်အောက်ခံ အကြမ်းဖက်အဖွဲ့များရဲ့ လူမဆန်မှု့၊မိုက်ရိုင်းမှု့နှင့်ယုတ်မာမှု့တို့ကို မိမိတို့တမျိုးသားလုံး တတ်နိုင်သည့်နေရာမှ ဝိုင်းဝန်းကာကွယ်တွန်းလှန်ခြင်း၊သတင်းပေးခြင်းတို့ဖြင့် မြန်မာပြည်ကြီး အမှန်တကယ် အမြန်အေးချမ်းစေရန် ကူညီပါဝင်ကြဖို့ တိုက်တွန်းအပ်ပါသည်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူတွေ၊ ထပ်ဆင့်ဝေမျှနေသူတွေအပြင် တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ဒီ Video ပြန်လည်ကူးယူပြီး ဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်


    တကယ်တော့ non CDM ဆရာမ တစ်ယောက်ကို PDF တွေက လည်ပင်းကြိုးတုပ်ပြီး ရိုက်နှက်နေတယ်လို့ ရေးသားဖြန့်ဝေတဲ့အကြောင်းအရာဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းက အွန်လိုင်းမှာပျံ့နှံ့ခဲ့တဲ့ Video အဟောင်းတစ်ခုကို ခေါင်းစဉ်ပြောင်းပြီး သတင်းအမှားဖန်တီးထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။

    ၎င်း Video ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလခန့်မှာ Alkozay paintsဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တင်ထားတာ ဖြစ်ပြီး အူရဒူရ် ဘာသာ စကားနဲ့ "မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် မွတ်ဆလင် အမျိုးသမီးကို အကြမ်းဖက်၊ ငါတို့ မွတ်ဆလင်တွေဟာ နောင်တရရုံကလွဲလို့ ဘာမှ မလုပ်နိုင်ဘူး။ ငါတို့ရဲ့ယုံကြည်ခြင်း အားနည်းလာတယ်" ဆိုတဲ့ စာကိုရေးသားကာ ၎င်း Video ကို တင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ Video ရဲ့ မူရင်းဖြစ်စဉ်ကိုလည်း Boom ကရှာဖွေနေဆဲဖြစ်ပေမယ့် လက်ရှိကာလမှာပြန်လည်ဖြန့်ဝေနေတဲ့ Non Cdm ဆရာမတွေကို နှိပ်စက်တဲ့ Video မဟုတ်တာကတော့ သေချာပါတယ်။

    ၂၀၁၇ ခုနှစ်က တင်ထားတဲ့ မူရင်း Video ကို ဒီမှာ ကြည့်ပါ။


    ဒီသတင်းအမှားဟာ PDF တွေကို အကြမ်းဖက်သမားအဖြစ် ပုံဖြစ်ဖို့ လုပ်ကြံရေးသား ဖြန့်ဝေထားတဲ့ ဝါဒဖြန့် သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။


    Tags

    fake newsCDMNon-CDM teacherpeople defense forceCoupMilitaryသတင်းအတုစစ်ကောင်စီအာဏာသိမ်းဝါဒဖြန့်
    Read Full Article
    Claim :   Non CDM ဆရာမကို PDF တွေက လည်ပင်းကြိုးချည်ပြီး ရိုက်နှက်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!