BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘုရားသုံးဆူကို ဗုံးလာကြဲတဲ့ လေယာဉ်...
သတင်းအတု

ဘုရားသုံးဆူကို ဗုံးလာကြဲတဲ့ လေယာဉ် KNDF ပစ်ချတယ်ဆိုတဲ့ သတင်းအတု

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ဘုရားသုံးဆူကို ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ လေယာဉ်တစ်စင်းကို KNDF က ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Sept 2023 8:01 AM IST
  • ဘုရားသုံးဆူကို ဗုံးလာကြဲတဲ့ လေယာဉ် KNDF ပစ်ချတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ (၈) မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ သတင်းကြေငြာနေသူတစ်ဦးရယ် ရဟက်ယာဉ်တစ်စီး မီးလောင်နေတဲ့ ဓါတ်ပုံရယ် ပုခုံးထမ်း လက်နက်ကြီး ကိုင်ဆောင်ထားတဲ့ စစ်ဝတ်စုံ ဝတ်ဆင်ထားသူ ၂ ဦး ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၂ ရက်နေ့ အရေးပေါ်သတင်း၊ ဘုရားသုံးဆယ်မြို့ ဗုံးလာကြဲတဲ့ လေယာဉ် KNDF ပစ်ချ၊ လေယာဉ်မှူး (၃) ဦးသေဆုံး ..” (သတ်ပုံ မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၄ ရက်အတွင်း YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁၀၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ထဲက ဘုရားသုံးဆူကို ဗုံးလာကြဲတဲ့ စစ်ကောင်စီရဲ့ လေယာဉ်တစ်စင်းကို KNDF က ပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ဘုရားသုံးဆူအပါအဝင် နေရာ အတော်များများမှာ တိုက်ပွဲဖြစ်ပွားနေပေမယ့် ဒီရက်ပိုင်းအတွင်း စစ်တပ်က လေယာဉ်ကို ပစ်ချနိုင်တဲ့ဖြစ်စဉ်မရှိသေးသလို ဒီအကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနနဲ့ အဖွဲ့အစည်းတွေကလည်းထုတ်ပြန်ပြောဆိုထားတာမျိုးလည်း မရှိပါဘူး။

    ဒီ သတင်းအမှားထဲမှာ ဘုရားသုံးဆူကို ဗုံးလာကြဲတဲ့ လေယာဉ်ကို KNDF က ပစ်ချတယ်လို့ ဖော်ပြထားပေမယ့် ဘုရားသုံးဆူဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ တည်ရှိပြီး KNDF က ကယားပြည်နယ်အခြေစိုက် တော်လှန်ရေး အင်အားစုတွေသာ ဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှားထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ၎င်း Video ထဲမှာ တစ်ခြားအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    fake newsMilitaryCoupKNUPDFKNDFjet fightershot downPayathonzuသတင်းအတုစစ်ကောင်စီအာဏာသိမ်းဘုရားသုံးဆူ
    Read Full Article
    Claim :   ဘုရားသုံးဆူကို ဗုံးလာကြဲတဲ့ စစ်ကောင်စီလေယာဉ်ကို KNDF ပစ်ချ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!