BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဝိုင်းမော်မှာ Mi 35 ရဟတ်ယာဉ်...
သတင်းအတု

ဝိုင်းမော်မှာ Mi 35 ရဟတ်ယာဉ် ပျက်ကျတယ်ဆိုတဲ့ သတင်းအတု

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ စစ်ကောင်စီရဲ့ Mi 35 ရဟက်ယာဉ်တစ်စီး ပျက်ကျတယ်ဆိုတဲ့ သတင်းအမှားတွေ ပျံနှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  30 Dec 2023 7:06 PM IST
  • ဝိုင်းမော်မှာ Mi 35 ရဟတ်ယာဉ် ပျက်ကျတယ်ဆိုတဲ့ သတင်းအတု

    ဒီသတင်းအမှားကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ဧရာဝတီတိုင်းမ် သတင်းဌာနက စတင်ဖော်ပြခဲ့တာ ဖြစ်ပြီး လူမှုကွန်ယက်ပေါ် ပျံနှံ့ခဲ့တာ ဖြစ်ပါတယ်။ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ဝိုင်းမော်တွင် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း ဒေသခံများပြောကြား” လို့ ရေးသားထားပါတယ်။ ဒီသတင်းထဲမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အနီးရှိ ဝါဆာဒီရွာသစ် တွင် စစ်ကောင်စီတပ်မှ Mi-35 ရဟတ်ယာဉ်တစ်စီးပျက်ကျသွားကြောင်း၊ ဒီပျက်ကျမှုမှာ KIA က ပစ်ချတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြောင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ၊ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက်ပေါ်မှာ ထပ်ဆင့်ဝေမျှသူ ကူးယူဖော်ပြသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ စစ်ကောင်စီရဲ့ Mi 35 ရဟက်ယာဉ်တစ်စီး ပျက်ကျတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီဇင်ဘာလအတွင်း ဝိုင်းမော်မှာ ရဟက်ယာဉ် ပျက်ကျတဲ့ ဖြစ်စဉ် မရှိခဲ့သလို သက်သေအထောက်အထားလည်း မရှိပါဘူး။ ကချင်ပြည်နယ်အခြေစိုက် The 74 Media ကလည်း ဝိုင်းမော်မှာ ရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မရှိခဲ့ကြောင်း စုံစမ်းပြီး သတင်းပြန်လည် ရေးသားဖော်ပြခဲ့ပါတယ်။

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရွှေညောင်ပင်ကျေးရွာအနီးရှိ ဘော်စာဒီးကျေးရွာမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းဟာ မမှန်ကန်ကြောင်း ကချင်လွတ်မြောက်ရေးတပ် (KIO) ရဲ့ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က The 74 Media ကို အတည်ပြုထားတာ ဖြစ်ပါတယ်။

    The 74 Media မှာ ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။


    ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒရုန်းပျက်ကျတာ ဖြစ်နိုင်ကြောင်း၊ မှတ်ချက်ပေးကြတာ ရှိပေမယ့် အတည်ပြုဖို့ သက်သေအထောက်အထားတော့မရှိသေးပါဘူး။ အဆိုပါ သတင်းကို တင်ခဲ့တဲ့ သတင်းဌာန ဘက်က ပြန်လည်ဖြေရှင်းတာ၊ ပိုစ့်ကို ပြန်ဖြုတ်ချတာလည်း မရှိပါဘူး။ သတင်းဌာနကတင်ထားတဲ့ သတင်းမူရင်းလင့်ကိုတော့ ဒီမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


    Tags

    Fake newsMilitaryCouphelicoptercrashedKIAသတင်းအတုစစ်ကောင်စီMi 35ရဟက်ယာဉ်
    Read Full Article
    Claim :   ဝိုင်းမော်တွင် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း ဒေသခံများပြောကြား
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!