BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ချင်းပြည်နယ်မှာ စစ်လေယာဉ်...
သတင်းအတု

ချင်းပြည်နယ်မှာ စစ်လေယာဉ် ပျက်ကျလို့ စစ်ဗိုလ်တစ်ဦးအပါအဝင် ၉ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအတု

ချင်းပြည်နယ်မှာ စစ်လေယာဉ် ပျက်ကျလို့ စစ်ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၉ ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Jun 2023 4:27 PM IST
  • ချင်းပြည်နယ်မှာ စစ်လေယာဉ် ပျက်ကျလို့ စစ်ဗိုလ်တစ်ဦးအပါအဝင် ၉ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Myanmar Hot News ဆိုတဲ့ YouTube ချန်နယ်တစ်ခုက ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၅ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ မှာ စစ်ဝတ်စုံ ဝတ်ထားသူတွေ တန်းစီ ချီတက်နေတဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ်ကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၇ ရက်နေ့ ညနေပိုင်း အထူးသတင်း ချင်းပြည်နယ်မှာ စစ်လေယာဉ် ပျက်ကျလို့ စစ်ဗိုလ်မှူးကြီးအပါခွေး (၉) ဦး သေဆုံး စစ်ခွေးကားတွေ ရောက်နေပြီ” (အရေးအသား မူရင်းဖော်ပြထာတဲ့ အတိုင်း) လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို Facebook ပေါ်မှာရော YouTube ပေါ်မှာပါ ဖြန့်ဝေထားပြီး ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိပါတယ်။

    သတင်းဆန်းစစ်ချက်

    ချင်းပြည်နယ်မှာ စစ်လေယာဉ် ပျက်ကျလို့ စစ်ဗိုလ်မှူးအပါအဝင် ၉ ဦး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီရက်ပိုင်းအတွင်း ချင်းပြည်နယ်မှာ စစ်လေယာဉ် ပျက်ကျခြင်းမရှိသလို တစ်ခြားမည်သည့် ပြည်နယ်မှာမှ ပျက်ကျခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းကမှ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

    ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း စစ်လေယာဉ်ပျက်ကျတဲ့သတင်း မပါဝင်ပါဘူး။ ဒီ Video ထဲမှာ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၁ တပ်ရင်းက အရာရှိမိသားစုတွေနဲ့ အရာထမ်းတချို့ နေပြည်တော်ကို လေယာဉ်ဖြင့် အရေးပေါ်ပြောင်းရွှေ့နေတယ် ဆိုတဲ့ သတင်းအကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryair fightercrashedChin Stateသတင်းအတုစစ်ကောင်စီအာဏာသိမ်းစစ်လေယာဉ်ပျက်ကျ
    Read Full Article
    Claim :   ချင်းပြည်နယ်မှာ စစ်လေယာဉ် ပျက်ကျလို့ စစ်ဗိုလ်တစ်ဦးအပါအဝင် ၉ ဦး သေဆုံး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!