BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မြန်မာပြည်က သတင်းအဟောင်း Video ကို...
သတင်းအတု

မြန်မာပြည်က သတင်းအဟောင်း Video ကို မဏိပူရမှာ ဖြစ်တာလို့ သတင်းအမှားဖြန့်

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ မဏိပူရမြို့မှာ ကသည်းမျိုးနွယ်စုအမျိုးသမီးတစ်ဦးကို ကူကီးမျိုးနွယ်စုတွေက ခေါင်းဖြတ်သတ်လိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 July 2023 9:16 PM IST
  • မြန်မာပြည်က သတင်းအဟောင်း Video ကို မဏိပူရမှာ ဖြစ်တာလို့ သတင်းအမှားဖြန့်

    ဒီသတင်းအမှားဟာ မဏိပူရမြို့မှာ ကူကီး နဲ့ ကသည်းမျိုးနွယ်စုတွေကြား ပဋိပက္ခကြီးထွားနေချိန် India နိုင်ငံလူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ထွက်ပေါ်လာတဲ့ သတင်းအမှားတစ်ပုဒ် ဖြစ်ပါတယ်။ သတင်းအမှားကို ဖြန့်ဝေရာမှာ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာဖြစ်ပြီး Video ထဲမှာ မြန်မာစကားပြောတဲ့သူ ၄ ယောက် ၊ ၅ ယောက်ခန့်က အမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကို ဓါးနဲ့ လှီးဖြတ်ပြီး ၊ ဓါးနဲ့အားပြင်းပြင်းခုတ်နေတာတွေပါဝင်ပါဝင်။ အဆိုပါ လည်ပင်းကို ခုတ်နေသူတွေရဲ့ နုတ်ကလည်း လည်ပင်းကို အားပြင်းပြင်းနဲ့ ခုတ်ထစ်ဖို့ တစ်ဦးကိုတစ်ဦး ပြောဆိုနေတာကို တွေ့ရပါတယ်။

    Video အတွင်းမှာ ကြည့်ရှု့ရန်မသင့်တော်တဲ့ သွေးထွက်သံယိုမှုတွေ ပါဝင်နေအတွက် မူရင်းဖြန့်ဝေမှုတွေကို ဖော်ပြခြင်း မပြုပါဘူး။

    ဒီ Video ကို Whatapp Group တွေကနေ တဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်တဲ့ မဏိပူရမြို့မှာ ကူကီးမျိုးနွယ်စုတွေက ကသည်းအမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို ဓါးနဲ့ ခုတ်ဖြတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မြန်မာပြည်က သတင်းအဟောင်းကို အသုံးပြုပြီး ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    ဒီဖြစ်စဉ်ဟာ မဏိပူရမှာ ဖြစ်တာမဟုတ်သလို၊ ကသည်းမျိုးနွယ်စုတွေ၊ ကူကီးမျိုးနွယ်စုတွေနဲ့လည်း သက်ဆိုင်ခြင်း မရှိပါဘူး။ ဒီဖြစ်စဉ်ဟာ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်၊ ကြံစိမ့်ကြီး ကျေးရွာမှာ ၂၀၂၂ ဖေဖော်ဝါရီလ က ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ထောက်ခံသူတွေဘက်က PDF တွေက အမျိုးသမီးတစ်ဦးကို ဒလံလို့ စွပ်စွဲပြီး ကို သတ်တာလို့ ဝါဒဖြန့်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

    အသတ်ခံရသူဟာ မနန္နာ ဆိုသူ ဖြစ်ပြီး မြိုင်မြို့နယ်၊ ကြံစိမ့်ကြီးကျေးရွာမှ လမ်းခင်းကျောက် လုပ်ငန်း လုပ် ကိုင်သူ ဖြစ်ပါတယ်။ သူမဟာ သရက်မြို့မ ရဲစခန်းက CDM ရဲတပ်သား ဇော်လင်းအောင် လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေရဲ့ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။

    မနန္န ရက်ရက်စက်စက် အသက်ခံခဲ့ရတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။

    ဒီသတင်းနဲ့ ပတ်သက်ပြီး India နိုင်ငံမှာ ဖြန့်ဝေနေတာနဲ့ ပတ်သက်ပြီး Boom India က အချက်အလက် စစ်ဆေးထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    Disturbing Video of Woman Beheaded in Myanmar Shared As Manipur

    မဏိပူရမှာ ကူကီးမျိုးနွယ်စုတွေနဲ့ ကသည်းမျိုးနွယ်စုတွေကြား ပဋိပက္ခပြင်းထန်နေပြီး မေလဆန်းက ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း လူ ၁၃၀ ထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၆ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပါတယ်။



    Tags

    fake newsold videoMynamarPhy Saw HteeKukiMeiteiManipurManipur Violenceသတင်းအမှားမဏိပူရကူကီးကသည်း
    Read Full Article
    Claim :   မဏိပူရမြို့မှာ ကသည်းမျိုးနွယ်စုအမျိုးသမီးတစ်ဦးကို ကူကီးမျိုးနွယ်စုတွေက ခေါင်းဖြတ်သတ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!