BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လက်ခတ်တောင် ဗုံးလာကြဲတဲ့ လေယာဉ်...
သတင်းအတု

လက်ခတ်တောင် ဗုံးလာကြဲတဲ့ လေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

မြဝတီမြို့အနီး ထိုင်းမြန်မာ နယ်စပ်နားက လက်ခတ်တောင်ကို ဗုံးလာကြဲတဲ့ လေယာဉ်ကို KNDF က ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Aug 2023 5:54 PM IST
  • လက်ခတ်တောင် ဗုံးလာကြဲတဲ့ လေယာဉ် ပစ်ချခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ မှာ ရဟက်ယာဉ်တစ်စီး မီးလောင်နေတဲ့ ပုံရယ် သတင်းကြေညာသူ တစ်ဦးရယ်ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၁၉ ရက်နေ့ မနက်ခင်းအရေးပေါ် လက်ခတ်တောင် ဗုံးလာကြဲတဲ့လေယာဉ် KNDF ပစ်ချလိုက်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “လက်ခတ်တောင် ဗုံးလာကြဲတဲ့ လေယာဉ် ပစ်ချခံရ” လို့ ထပ်မံရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ Video ရဲ့ link ကို ဖေ့စ်ဘွတ်ပေါ်မှာရော YouTube ပေါ်မှာပါ ဖြန့်ဝေထားကြပြီး ၁ ရက်ကျော်အတွင်း YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁၂၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မြဝတီမြို့အနီး ထိုင်း မြန်မာ နယ်စပ်နားက လက်ခတ်တောင်မှာ ဗုံးလာကြဲတဲ့ လေယာဉ်ကို KNDF က ပစ်ချလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    လက်ခတ်တောင် စခန်းကုန်းဟာ ကရင်ပြည်နယ် မြဝတီမြို့အနီးမှာ ရှိပြီး တပ်မဟာ (၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း ၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings နဲ့ ရောင်နီ စတဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်က စခန်းကုန်းပြန်ရဖို့ Jet Fighter နဲ့ (၃)ကြိမ်၊ Mi-35 တိုက်ခိုက်ရေး ရဟက်ယာဉ်နဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီစခန်းကုန်း တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ ကော်ဘရာစစ်ကြောင်းကလည်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် သတင်းအမှားထဲမှာ ရေးထားသလို စစ်လေယာဉ်တွေ ၊ တိုက်ခိုက်ရေး ရဟက်ယာဉ်တွေကို ပစ်ချနိုင်ခြင်းတော့ မရှိပါဘူး။

    သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာ ဗုံးလာကြဲတဲ့ လေယာဉ်ကို KNDF က ပစ်ချလိုက်တယ်လို့ နေရာဒေသတွေ မှားယွင်းစွာ ထပ်မံရေးသားထားပါတယ်။ တိုက်ပွဲဖြစ်ပွားရာ နေရာဟာ ကရင်ပြည်နယ်မှာ ဖြစ်ပြီး KNDF က ကယားပြည်နယ်ထဲက တော်လှန်ရေးအင်အားစုတွေ ဖြစ်ပါတယ်။

    ဒါ့အပြင် Video အတွင်းမှာလည်း လက်ခတ်တောင်မှာ လေယာဉ်ပစ်ချတဲ့ သတင်းမပါဝင်သလို ဒီရက်ပိုင်း အတွင်း လေယာဉ်တွေ ရဟက်ယာဉ်တွေ ပစ်ချနိုင်တဲ့ ဖြစ်စဉ်မရှိသေးပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



    Tags

    Fake newsmilitaryCoupJet fighterdropping bombshot downသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   လက်ခတ်တောင် ဗုံးလာကြဲတဲ့ လေယာဉ် ပစ်ချခံရ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!