BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG ထောက်ခံသူ အမျိုးသမီးကို...
      သတင်းအတု

      NUG ထောက်ခံသူ အမျိုးသမီးကို အင်တာပိုက ဖမ်းတယ်ဆိုတဲ့ သတင်းအတု

      စင်္ကာပူနိုင်ငံမှာ နေထိုင်တဲ့ NUG ထောက်ခံသူ အမျိုးသမီးတစ်ဦးကို အင်တာပိုလ်အဖွဲ့က လာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်လျက်ရှိပါတယ်။

      By - Boom Live Myanmar | 21 May 2022 11:45 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • NUG ထောက်ခံသူ အမျိုးသမီးကို အင်တာပိုက ဖမ်းတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို Aung Min ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၁၉ ရက်နေ့ ည ၉ နာရီ ၂၇ မိနစ်မှာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပြီး လက်နောက်ပြန် လက်ထိပ်ခတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံတစ်ပုံနဲ့အတူ တင်ထားတာဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံနဲ့အတူ "စက်ာပူက ဒေါ်အိုင်းရင်းရဲ့ ဒီနေ့ဖြစ်စဥ်လေးကို ပယ်နီဆူးလားပလာဇာ ကညီတစ်ယောက်က ရိုက်ပြီးပို့လိုက်တာ ၊ သနားပါတယ်ဗျာ ။ ကတောက် မျက်ရည်နှစ်စက်။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော် အင်တာပိုက လာခေါ်သွားတာလို့ပြောတာဘဲ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၄၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၄၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      စင်္ကာပူနိုင်ငံက NUG ထောက်ခံသူ အမျိုးသမီးတစ်ဦးကို အင်တာပိုလ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      ၎င်းအသုံးပြုထားတဲ့ ဓါတ်ပုံဟာ စင်္ကာပူမှာ နေထိုင်တဲ့ NUG ထောက်ခံသူ မအိုင်ရင်းဆိုသူရဲ့ ဓါတ်ပုံ မဟုတ်ပါဘူး။ Website တွေကနေ ရောင်းချတဲ့ Stock Photo သာ ဖြစ်ပါတယ်။


      အဆိုပါ ဓါတ်ပုံကို Website တွေမှာ ရောင်းဖို့ တင်ထားကြတာဖြစ်ပြီး ဝယ်ယူရရှိနိုင်တဲ့ Link ကို ဒီနေရာမှာ ကြည့်ပါ။

      Aung Min ဆိုတဲ့အကောင့်က ဖြန့်ဝေထားတဲ့ မအိုင်းရင်း ဆိုသူဟာ စစ်ကောင်စီ ထောက်ခံသူတွေနဲ့ ပြဿနာ ဖြစ်ပွားထားသူ ဖြစ်ပြီး ၎င်းကို စစ်တပ်ထောက်ခံသူက သူမကို မကြာခဏ တိုက်ခိုက်လေ့ရှိတာကို တွေ့ရပါတယ်။ ၎င်းကို မည်သည့်အဖွဲ့အစည်းကမှ ဖမ်းဆီးသွားခြင်း မရှိပါဘူး။ ၎င်း ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ မကြာခဏ Live လွှင့်လေ့ရှိပါတယ်။ မအိုင်ရင်း ဆိုသူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။




      Tags

      Fake newsNUG supporterarrestInterpolMilitaryCoupသတင်းအတုအင်တာပိုလ်
      Read Full Article
      Claim :   စင်္ကာပူနိုင်ငံက NUG ထောက်ခံသူ အမျိုးသမီးတစ်ဦးကို အင်တာပိုလ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!