BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • KNU နဲ့ PDF ဒရုန်းနဲ့ ဗုံးကြဲလို့...
သတင်းအတု

KNU နဲ့ PDF ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ်တစ်ဦးနဲ့ ဖခင်တစ်ဦးသေဆုံးတယ်ဆိုတဲ့ သတင်းအတု

ပဲခူးတိုင်းဒေသကြီး၊ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာ မှာနေထိုင်တဲ့ ပြည်သူတွေကို KNU နဲ့ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲချလို့ ကလေးငယ်တစ်ဦးနဲ့ ဖခင်တစ်ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Sept 2023 5:06 PM IST
  • KNU နဲ့ PDF ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ်တစ်ဦးနဲ့ ဖခင်တစ်ဦးသေဆုံးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ တယ်လီဂရမ် ချန်နယ်တွေကတဆင့် ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာသို့ knu/pdf အကြမ်းဖက်သမားများ drop ဗုံးဖြင့် ပြည်သူများကို တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးနှင့် ဖခင်ဖြစ်သူ သေဆုံး” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ KNU/ PDF တွေက အဆိုပါ ကျေးရွာကို Drop ဗုံးတွေ ကြဲချလို့ ကလေးငယ်သည် ဦးခေါင်းကို နဖူးတည့်တည့်မှ ဖောက်ထွက်၍ ပွဲချင်းပြီး သေဆုံးခဲ့ရကာ ဖခင်ဖြစ်သူ ဦးစိုးလင်းမှာလည်း ခါးနှင့် ရင်ဘတ်တို့မှာ အစထိမှန်ပြီး သေဆုံးသွားကြောင်း၊ Knu/pdf တွေက ကျေးရွာများကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ မီးရှို့ပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Telegram ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ပြန်လည်ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ပဲခူးတိုင်းဒေသကြီး၊ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာ မှာနေထိုင်တဲ့ ပြည်သူတွေကို KNU နဲ့ PDF တွေက ဒရုန်းနဲ့ ဗုံးကြဲချလို့ ကလေးငယ်တစ်ဦးနဲ့ ဖခင်တစ်ဦး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီဖြစ်စဉ်ဟာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး

    ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာကို စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ဦးစိုးလင်းနဲ့ သားဖြစ်သူတို့ နှစ်ဦး သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ လက်နက်ကြီးကျည်ဆန်ဟာ ကလေးငယ်ရဲ့ ဦးခေါင်းကို နဖူးတည့် တည့်မှ ဖောက်ထွက်ကာ၊ ဖခင်ဦးစိုးလင်း ရဲ့ ခါး နဲ့ ရင်ဘတ်တို့ကို ထိမှန်ပြီး သားအဖ ၂ ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ခေတ်သစ် သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    အဆိုပါ သတင်းကို ခေတ်သစ်က စက်တင်ဘာလ ၁၀ ရက်နေ့ မနက် အစောပိုင်း ၇ နာရီမှာ စတင်ထားတာ ဖြစ်ပြီး ဒီသတင်းကို စစ်တပ်ထောက်ခံသူတွေက အဆိုပါနေ့ မနက် ၁၀ နာရီနောက်ပိုင်းမှာ ပုံစံပြောင်း ရေးသားကာ တန်ပြန်ဖြန့်လာခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်သူတွေက KNU နဲ့ PDF တွေဟာ ပြည်သူတွေ နေအိမ်ကို ဒရုန်းနဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်းတွေ ပြုလုပ်ကာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိတယ်လို့ ရေးသားထားပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒီလိုကျူးလွန်ထားတဲ့ ဖြစ်စဉ်မရှိပါဘူး။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုဟာ စစ်ကိုင်းတိုင်းထဲမှာတင် ၅၉၀၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံအတိုင်းအတာနဲ့ (၈) သောင်းနီးပါး ရှိနေပြီ ဖြစ်တယ်လို့ ISP-Myanmar ရဲ့ သုတေသန တစ်ခုမှာ ဖော်ပြထားပါတယ်။


    စစ်ကောင်စီထောက်ခံသူတွေဟာ စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို PDF တွေဘက်က ကျူးလွန်တာ ဖြစ်တယ်လို့ တန်ပြန်ဝါဒဖြန့်လေ့ရှိပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ၊ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။


    Tags

    Fake newsdrone bombingdrop bombKNUPDFသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာသို့ knu/pdf က drop ဗုံးဖြင့် ပြည်သူများကို တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးနှင့် ဖခင်ဖြစ်သူ သေဆုံး
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!