BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မလှိုင်ကထွက်ပြေးလာတဲ့ ရဲတပ်သားနဲ့...
သတင်းအတု

မလှိုင်ကထွက်ပြေးလာတဲ့ ရဲတပ်သားနဲ့ အမျိုးသမီးကို ပြန်မိတယ်ဆိုတဲ့ သတင်းအတု

မန္တလေးတိုင်း၊ မိတ္ထိလာခရိုင်၊ မလှိုင်မြို့မရဲစခန်းအတွင်းကနေ ထွက်ပြေးလာတဲ့ ရဲတပ်သား နဲ့ အမျိုးသမီးကို ပြန်လည်ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှားတွေ ထွတ်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 July 2022 5:36 PM IST
  • မလှိုင်ကထွက်ပြေးလာတဲ့ ရဲတပ်သားနဲ့ အမျိုးသမီးကို ပြန်မိတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Myanmar News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇူလှိုင်လ ၁၁ ရက်နေ့မှာ တင်ထားတာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အချုပ်ထဲက ကောင်မလေးကိုခိုးပြေးတဲ့ရဲနဲ့ ခိုးရာလိုက်တဲ့ ကောင်မလေး အချုပ်ထဲပြန်ရောက်ဟုဆို" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြို့မရဲစခန်း၌ အကြမ်းဖက်မှုဥပဒေနဲ့ အချုပ်ထဲရောက်နေတဲ့ ကောင်မလေးကို ခိုးပြေးတဲ့ တာဝန်ကျရဲတပ်သား စိုးပိုင် ဆိုသူနဲ့ ခိုးရာလိုက်ပြေးတဲ့ တရားခံ အချုပ်သား မအိသန္တာအောင်တို့နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဒီကနေ့မှာ ပြန်လည်ဖမ်းမိပြီး နှစ်ယောက်လုံး အချုပ်ထဲပန်ရောက်သွားပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ သူတို့နှစ်ဦးဟာ မြင်မြင်ချင်းချစ်ကြိုက်ပြီး မနေ့ (ဇူလိုင် ၁၀ ရက်) က ခိုးပြေးသွားကြတာပါ…" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေ၊ Page အတုတွေကနေ လူများတဲ့ Group တွေထဲကို ထပ်ဆင့်ဖြန့်ဝေခြင်း ကူးယူဖော်ပြခြင်းတွေရှိခဲ့ပါတယ်။

    သတင်းဆန်းစစ်ချက်

    မလှိုင်မြို့မရဲစခန်းကထွက်ပြေးလာတဲ့ ရဲတပ်သားနဲ့ အမျိုးသမီးကို ပြန်လည်ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

    မလှိုင်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားစိုးပိုင် နဲ့ ၎င်းစခန်းမှာ ပုဒ်မ ၅၀ ( ည ) နဲ့ အချုပ်ကျနေသူ မအိသန္တာအောင် တို့ကိုပြန်လည် ဖမ်းဆီးရမိခြင်း မရှိပါဘူး။ ၎င်းတို့ ၂ ဦးဟာ အခုချိန်မှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ရဲတပ်သား ကိုစိုးပိုင်နဲ့ မအိသန္တာအောင် တို့ဟာ ဇူလှိုင်လ ၁၀ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာပြီး ဇူလိုင် ၁၁ ရက်နေ့မှာ Myanmar Revolution Ranger Force – MRRF အဖွဲ့ဆီကို ရောက်လာတာဖြစ်ပါတယ်။ ၎င်းတို့ ၂ ဦးကို Myanmar Revolution Ranger Force၊ မြင်းခြံခရိုင် 27 Revolution နဲ့ Mother Son Mandalay Force တို့က ပူးပေါင်းကူညီကာ လွတ်မြောက်နယ်မြေကို ဘေးကင်းစွာ ပို့ဆောင်ပြီးပြီလို့ ထုတ်ပြန်ထားပါတယ်။


    မအိသန္တာအောင်နဲ့ CDM ရဲတပ်သားဟာ လွတ်မြောက်နယ်မြေကနေ စစ်ကောင်စီကို ဆက်လက်တော်လှန်သွားမယ်လို့ ဆိုထားကြောင်း မြေလတ်အသံ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ရဲတပ်သားနဲ့ မအိသန္တာအောင်တို့ ထွက်ပြေးလွတ်မြောက်ပြီး လွတ်မြောက်နယ်မြေ ရောက်ရှိနေတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။






    Tags

    Fake newsCDM policemanActivistescapedMahlaing police stationrecapturedMilitaryCoupသတင်းအတုCDM ရဲတပ်သား
    Read Full Article
    Claim :   အချုပ်ထဲက ကောင်မလေးကိုခိုးပြေးတဲ့ရဲနဲ့ ခိုးရာလိုက်တဲ့ ကောင်မလေး အချုပ်ထဲပြန်ရောက်ဟုဆို
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!