BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • PDF တွေ စာသင်ကျောင်းကို...
      သတင်းအတု

      PDF တွေ စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၅ နှစ်အရွယ် ကလေးငယ်သေဆုံးတယ်ဆိုတဲ့ သတင်းအတု

      ဒီမော့ဆို မြို့နယ်မှာ PDF တွေက စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၅ နှစ်အရွယ် ခလေးငယ် တစ်ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  30 Nov 2022 9:33 PM IST
    • PDF တွေ စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၅ နှစ်အရွယ် ကလေးငယ်သေဆုံးတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို Sit Min ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၇ ရက်နေ့ မှာဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားထဲမှာ "ကလေးများကျောင်းတက်သည့်အတွက်ဟုဆို ဒီးမော့ဆို မြို့ရှိ စာသင်ကျောင်းအား PDF အကြမ်းဖက်သမားများ မှလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး ယုတ်မာတဲ့နေရာမှာ ပြိုင်စံရှားပဲ" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့ ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်ထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ကျောင်းတက်ရောက်နေတဲအတွက် PDF တွေက ဒီမော့ဆိုမြို့နယ်က စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၅ နှစ်အရွယ် ခလေးငယ်တစ်ဦး သေဆုံးခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတဲ့ စာသင်ကျောင်းဟာ ကျောင်းတက်ရောက်နေသူတွေ မရှိသလို ဖွင့်လှစ်ထားခြင်းလည်း မရှိပါဘူး။ အဆိုပါ ကျောင်းဟာ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာက ဖြစ်ပြီး မူကြိုကျောင်း တစ်ကျောင်းသာဖြစ်ကာ ဒီနေရာမှာ ဒေသခံတွေ လာရောက် စစ်ရှောင်နေတာ ၅ လခန့် ရှိပြီ ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့ ငွေတောင်ကျေးရွာအခြေစိုက် ခလရ ၁၀၂ တပ်ရင်းက စစ်ရှောင်တွေ ခိုလှုံရာ မြို့အနောက်ခြမ်းကို ၁၂၀ မမ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး မူကြိုကျောင်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ၅ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။

      စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မူကြိုကျောင်းမှာ စစ်ရှောင်နေတဲ့ ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးသေဆုံးခဲ့ရတဲ့ အကြောင်းကို Myanmar Now သတင်းဌာနက ရေးသားထားတဲ့ ပိုစ့် နဲ့ Karenni's Voice က ရေးသားထားတဲ့ သတင်းကို အောက်ပါ Link တွေမှာ ဖတ်ပါ။

      ဒီးမော့ဆို မူကြိုကျောင်း လက်နက်ကြီးထိ၊ ၅ နှစ်သမီး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

      မူကြိုကျောင်းတကျောင်းကို စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ ၅ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးပြီး စစ်ရှောင်မိသားစုဝင် ၈ ဦး ဒဏ်ရာရ


      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံ အားပေးတဲ့ ဝါဒဖြန့် သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

      Tags

      fake news5-year-old girlPDFMilitaryCoupweaponsစစ်ကောင်စီအာဏာသိမ်းသတင်းအတု
      Read Full Article
      Claim :   ကလေးများကျောင်းတက်သည့်အတွက်ဟုဆို ဒီးမော့ဆို မြို့ရှိ စာသင်ကျောင်းအား PDF များ မှလက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ၅နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!