BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နေပြည်တော်အကျဉ်းထောင်က နိုင်ကျဉ်း...
သတင်းအတု

နေပြည်တော်အကျဉ်းထောင်က နိုင်ကျဉ်း ၇၀ ထွက်ပြေးတယ်ဆိုတဲ့ သတင်းအတု

နေပြည်တော် အကျဉ်းထောင်က နိုင်ကျဉ်း ၇၀ ဦး ထွက်ပြေးလွှတ်မြောက်သွားတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Oct 2023 9:50 PM IST
  • နေပြည်တော်အကျဉ်းထောင်က နိုင်ကျဉ်း ၇၀ ထွက်ပြေးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ နေပြည်တော် အချုပ်ထောင်ရဲ့ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံရယ် ခေတ်သစ်သတင်းဌာနက သူတင်းကြေညာသူ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၁၈ ရက်နေ့ သတင်းထူး၊ နေပြည်တော် အကျဉ်းထောင်က နိုင်ကျဉ်း ၇၀ ဦး ထွက်ပြေးလွှတ်မြောက်၊ ရန်ကုန်ခေတ်သစ် အတည်ပြု ကြေညာလိုက်ပြီ” (မူရင်း ဖော်ပြထားတဲ့အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၃ သောင်းကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    နေပြည်တော် အကျဉ်းထောင်က နိုင်ကျဉ်း ၇၀ ဦး ထွက်ပြေးလွှတ်မြောက်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီရုံးစိုက်ရာဖြစ်တဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်က ကင်းသာရွာမှာရှိတဲ့ ကင်းသာ (၂) ကုန်ထုတ်စခန်းကနေ ရာဇဝတ်အကျဉ်းသား ခုနစ်ဦးဟာ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒီအကျဉ်းသား (၇) ဦးဟာ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရသူတွေ ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်ချိန်မှာ ထောင်ဒဏ်လက်ကျန် နှစ်နှစ်ကနေ ခြောက်နှစ်ကျော်ထိ ကျန်နေသူတွေ ဖြစ်ပါတယ်။ အကျဉ်းသား (၇) ဦး ထွက်ပြေးလွှတ်မြောက်သွားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။

    သတင်းအမှားဖြန့်သူတွေက နိုင်ငံရေးအကျဉ်းသား (၇၀) ဦးထွက်ပြေးလွှတ်မြောက်သွားတယ်လို့ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ တကယ်ထွက်ပြေးလွှတ်မြောက်သွားသူတွေဟာ ရာဇဝတ်အကျဉ်းသားတွေသာ ဖြစ်ပြီး (၇) ယောက် တိတိသာ ဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှားဖြန့်သူတွေတင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ ရာဇဝတ်အကျဉ်းသား (၇) ဦး လွှတ်မြောက်သွားတဲ့ သတင်းနဲ့ တစ်ခြား သတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newspolitical prisonersescapedNay Pyi Taw prisonClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   နေပြည်တော် အကျဉ်းထောင်က နိုင်ကျဉ်း ၇၀ ဦး ထွက်ပြေးလွှတ်မြောက်၊ ရန်ကုန်ခေတ်သစ် အတည်ပြု ကြေညာလိုက်ပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!