BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီရဲ့ လေတပ်စခန်းကို PDF ၃၀၀...
      သတင်းအတု

      စစ်ကောင်စီရဲ့ လေတပ်စခန်းကို PDF ၃၀၀ ဝင်သိမ်းတယ်ဆိုတဲ့ သတင်းအတု

      စစ်ကောင်စီရဲ့ လေတပ်စခန်းကို PDF (၃၀၀) ဝင်သိမ်းတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  27 Oct 2023 9:16 PM IST
    • စစ်ကောင်စီရဲ့ လေတပ်စခန်းကို PDF ၃၀၀ ဝင်သိမ်းတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ပါဝင်တဲ့ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးရယ်ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၁ ရက်နေ့ အထူးသတင်းကောင်း၊ လေယာဉ်ဂိုထောင် မီးလောင်၊ လေတပ်စခန်း PDF (၃၀၀) ဝင်သိမ်း၊ လက်နက်ကြီးမှန်လို့ စစ်ခွေး (၄၇) ဦးသေဆုံး” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှုထားသူ ၄၄၀၀၀ ကျော် ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီရဲ့ လေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် အင်အား (၃၀၀) က ဝင်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

      အောက်တိုဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်ကို လျှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားကြပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ဒီအကြောင်းအရာကို မဟုတ်ဘူးလို့ ငြင်းဆိုထားကြပါတယ်။ ဒီဖြစ်စဉ်သာ ရှိခဲ့ပေမယ့် PDF ၃၀၀ နဲ့ လေတပ်စခန်း ဝင်သိမ်းတဲ့ဖြစ်စဉ်တော့ မရှိသေးပါဘူး။

      ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCoupစစ်ကောင်စီအာဏာသိမ်းလေတပ်စခန်း
      Read Full Article
      Claim :   လေတပ်စခန်း PDF (၃၀၀) ဝင်သိမ်း
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!