BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေးမြို့ ဗုံးကြဲခံရပြီး ပြည်သူ...
သတင်းအတု

မန္တလေးမြို့ ဗုံးကြဲခံရပြီး ပြည်သူ ၂၅၀ ကျော် သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

မန္တလေးမြို့ ဗုံးကြဲခံရပြီး ပြည်သူ ၂၅၀ ကျော် သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 Nov 2022 4:40 PM IST
  • မန္တလေးမြို့ ဗုံးကြဲခံရပြီး ပြည်သူ ၂၅၀ ကျော် သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Ly La ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ၁၁ မိနစ်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံ ဓါတ်ပုံဟာ သတင်းကြေညာနေတဲ့ သတင်းတစ်ပုဒ်က ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ " 23 ရက် အထိနာပြီ၊ အရေးပေါ် မန္တလေးမြို့ ဗုံးကြဲခံရ၊ ပြည်သူ ၂၅၀ ကျော် ကျဆုံးပြန်ပြီ" လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "November 23, အရေးပေါ်သတင်း၊ ဗုံးကြဲခံရပြီ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို like လုပ်ထားသူများစွာနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ် ၃ ခုခန့်က တစ်ပြိုင်နက် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မန္တလေးမြို့ ဗုံးကြဲခံရပြီး ပြည်သူ ၂၅၀ ကျော် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လူအများဝင်ရောက်ကြည့်ရှု့အောင် သတင်းခေါင်းစဉ်မှာ လိမ်ညာရေးသားထားတာဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီ Video ဟာ Clickbaits နဲ့ ဝင်ငွေရှာနေတဲ့အဖွဲ့က ဖြန့်ဝေထားတာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ အခုချိန်ထိ မန္တလေးမြို့ပေါ်ကို ဗုံးကြဲခံရခြင်း မရှိသလို မန္တလေးမြို့ပေါ်မှာ ဗုံးဒဏ်ကြောင့် ပြည်သူ ၂၅၀ ကျော် သေဆုံးခံရခြင်းလည်း မရှိပါဘူး။ စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းအပါအဝင် တစ်ခြားပြည်နယ်တိုင်းတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ များစွာလုပ်ခဲ့ပေမယ့် မန္တလေးမြို့ကိုတော့ ဗုံးကြဲချခြင်း မရှိသေးပါဘူး။

    ဒါ့အပြင် Video အတွင်းမှာ မန္တလေးမြို့ကို ဗုံးကြဲလို့ ပြည်သူ ၂၅၀ ကျော်သေဆုံးတယ်လို့ ပြောထားပေမယ့် Video အတွင်းမှာတော့ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ သတင်းတွေ ကိုနောက်ခံ အသံရွတ်ဆိုပြီး Video ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေကို လိမ်ညာရေးသားထားတဲ့ Clickbaits သတင်းတွေ ဖြန့်ကာ ဝင်ငွေရှာနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake NewsMilitaryCoupClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   မန္တလေးမြို့ ဗုံးကြဲခံရပြီး ပြည်သူ ၂၅၀ ကျော် သေဆုံး
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!