BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မန္တလေးမြို့ကို PDF အင်အား...
သတင်းအတု

မန္တလေးမြို့ကို PDF အင်အား နှစ်သောင်းချီတက်လာပြီဆိုတဲ့ သတင်းအတု

မန္တလေးမြို့ကို PDF အင်အား နှစ်သောင်း ချီတက်လာပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Aug 2023 9:50 AM IST
  • မန္တလေးမြို့ကို PDF အင်အား နှစ်သောင်းချီတက်လာပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို WV news ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ “အားလုံးအတွက် အရေးကြီးတဲ့ သတင်းပါ” လို့ ရေးသားပြီး ဓါတ်ပုံတစ်ပုံရယ် Website တစ်ခုရဲ့ link နဲ့ တွဲပြီးဖြန့်ထားပါတယ်။ ၎င်းဓါတ်ပုံဟာ DVB သတင်းဌာနက သတင်းကြေညာနေသူ တစ်ဦးနဲ့ မီးခိုးတွေ ထွက်နေတဲ့ တိုက်အိမ်တစ်လုံးပါဝင်ပြီး ဓါတ်ပုံပေါ်မှာ “အခုပဲ မန္တလေးမှာ ဖြစ်သွားတာ၊ တစ်မြို့လုံး တုန်လှုပ်နေကြပြီ၊ PDF တပ်သား ၂၀၀၀၀ ကျော်လည်း ချီတက်လာပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    မန္တလေးမြို့ကို PDF အင်အား ၂၀၀၀၀ ကျော် ချီတက်လာပြီလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မန္တလေးမြို့ကို စစ်ကောင်စီက လက်ရှိအချိန်ထိ ထိန်းချုပ်ထားဆဲဖြစ်ပြီး PDF တွေ အင်အားအများအပြားနဲ့ လာရောက်တိုက်ခိုက်နိုင်ခြင်း မရှိသလို အင်အား ၂၀၀၀၀ နဲ့ ချီတက်လာခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ Website Link ကို ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသား ထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် Website Link ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ တစ်ခြား အကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupPDFMarched onMandalayသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   အခုပဲ မန္တလေးမှာ ဖြစ်သွားတာ၊ တစ်မြို့လုံး တုန်လှုပ်နေကြပြီ၊ PDF တပ်သား ၂၀၀၀၀ ကျော်လည်း ချီတက်လာပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!