BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီ တပ်သားအယောက် ၂၀၀...
သတင်းအတု

စစ်ကောင်စီ တပ်သားအယောက် ၂၀၀ လက်နက်နဲ့အတူ ပြည်သူနဲ့ ပူးပေါင်းတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်က တပ်သား အယောက် ၂၀၀ ဟာ လက်နက်တွေနဲ့အတူ ပြည်သူနဲ့ ပူးပေါင်းတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Aug 2023 9:16 PM IST
  • စစ်ကောင်စီ တပ်သားအယောက် ၂၀၀ လက်နက်နဲ့အတူ ပြည်သူနဲ့ ပူးပေါင်းတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၂ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီ ဗိုလ်ချုပ်တွေ၊ ဒူထောက်နေတဲ့ စစ်သားတွေ ၊ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးရဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၂၂ ရက် တပ်ရင်း၊ တပ်မ အလိုက်ပြေးကုန်ပြီ၊ အောင်ပွဲခံလို့ရပြီ၊ မအလကို ပုန်ကန်ပြီး တပ်မတော်သား (၂၀၀) ဦး လက်နက်နဲ့အတူ ပြည်သူနဲ့ ပူးပေါင်းကုန်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ YouTube Video ကို တစ်ရက်အတွင်း Like လုပ်ထားသူ ၁၉၅၀၀ ကျော်နဲ့ Like လုပ်ထားသူ ၃၀၀ နီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီတပ်သာ အယောက် ၂၀၀ ဟာ တပ်ရင်းအလိုက် တပ်မအလိုက် ထွက်ပြေးကာ လက်နက်တွေနဲ့အတူ ပြည်သူနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီတပ်သားတွေ လက်နက်တွေနဲ့အတူ ပြည်သူနဲ့ ပူးပေါင်းတဲ့သတင်းတွေ မကြာခဏ ရှိပေမယ့် တပ်ရင်လိုက်၊ တပ်မလိုက် အယောက်ရေ ၂၀၀ ခန့် တစ်စုတစ်စည်းထဲ ထွက်ပြေးတဲ့ဖြစ်စဉ် မရှိသေးပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှား Video ထဲမှာလဲ အယောက် ၂၀၀ ခန့် လက်နက်တွေနဲ့အတူ ပူးပေါင်းတဲ့သတင်း မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တီးတိန်မြို့နယ်က ရဲ နှစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitarySoldiersfleeingweaponsPeople defense forceသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   မအလကို ပုန်ကန်ပြီး တပ်မတော်သား (၂၀၀) ဦး လက်နက်နဲ့အတူ ပြည်သူနဲ့ ပူးပေါင်းကုန်ပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!