BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီဝန်ကြီးတွေ အစည်းအဝေးထဲ...
      သတင်းအတု

      စစ်ကောင်စီဝန်ကြီးတွေ အစည်းအဝေးထဲ စကားများပြီး ဓါးထိုးမှုဖြစ်လို့ ၂ ဦသေဆုံး ဆိုတဲ့ သတင်းအတု

      နေပြည်တော်မှာ စစ်ကောင်စီဝန်ကြီးတွေ အစည်းအဝေးပြုလုပ်နေစဉ် အချင်းချင်းစကားထများပြီး ဓါးထိုးမှုဖြစ်လို့ ၂ ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  22 May 2023 9:02 PM IST
    • စစ်ကောင်စီဝန်ကြီးတွေ အစည်းအဝေးထဲ စကားများပြီး ဓါးထိုးမှုဖြစ်လို့ ၂ ဦသေဆုံး ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို HD Videos ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ခွဲခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ ၎င်း Video ထဲမှာ ခန်းမတစ်ခုထဲ လူများစွာ ထိုင်နေကြတဲ့ဓါတ်ပုံတစ်ပုံကို နောက်ခံအဖြစ်သုံးထားပြီး ပုံအပေါ်မှာ "နေပြည်တော်အစည်းအဝေးထဲ ဝန်ကြီးအချင်းချင်း စကားထများရာမှ အပြန်လမ်းမှာ ဓါးထိုးမှုဖြစ်လို့ (၂) ဦးသေ” လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါ အတိုင်းရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      နေပြည်တော်အစည်းအဝေးထဲမှာ ဝန်ကြီးအချင်းချင်း ဓါးထိုးမှုဖြစ်ပြီး ၂ ဦးသေ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ အကြောင်းအရာဟာ မည်သည့်မီဒီယာ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို စစ်ကောင်စီဝန်ကြီးတွေကြားမှာလည်း ဒီလို ဖြစ်စဉ်ဖြစ်ပွားထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက ၎င်းတို့ သတင်းကို ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

      ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြားစစ်ရေး သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCoupMinistersNUGPDFသတင်းအတုစစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   နေပြည်တော်အစည်းအဝေးထဲ ဝန်ကြီးအချင်းချင်း စကားထများရာမှ အပြန်လမ်းမှာ ဓါးထိုးမှုဖြစ်လို့ (၂) ဦးသေ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!