BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကမ္ဘောဇဘဏ် ၁၅ ခု...
သတင်းအတု

ကမ္ဘောဇဘဏ် ၁၅ ခု ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

အထိတ်တလန့်သတင်းခေါင်းစဉ်တွေဖန်တီးပြီးနေ့စဉ်သတင်းတုတွေဖန်တီးနေတဲ့သတင်းတု စာမျက်နှာတစ်ခုက ကမ္ဘောဇဘဏ် တွေပိတ်သိမ်းခံရတဲ့ သတင်းတုတစ်ခု အခုရက်ထဲဖြန့်ဝေလာခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  28 May 2023 9:21 AM IST
  • ကမ္ဘောဇဘဏ် ၁၅ ခု ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

    ဒီအကြောင်းအရာကို HD Videos ဆိုတဲ့အမည်နဲ့ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၂၆ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ "ခရိုနီဦးတေဇ ငါးပါးမှောက်ပြီဟေ့။ kbz ဘဏ် ၁၅ခုပိတ်သိမ်းခံရပြီ"ခေါင်းစဉ်နဲ့အတူ ၁၁ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံတွေမှာ ကမ္ဘောဇဘဏ် ပါဝင်တဲ့ ဓါတ်ပုံတွေကို ပူးတွဲဖြန့်ဝေထားတာဖြစ်ပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာရော YouTube ပေါ်မှာပါ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့ထားသူ၊ ထပ်ဆင့်ဝေမျှထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို ဖြန့်ဝေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ ဖြစ်နိုင်ဖွယ်မရှိတဲ့ခေါင်းစဉ်တွေရေးသားပြီး ၎င်းတို့ဖြန့်ဝေတဲ့အကြောင်းအရာနဲ့မသက်ဆိုင်တဲ့ ဗီဒီယိုအမြောက်အများကို နေ့စဉ်နဲ့အမျှဖန်တီးဖြန့်ဝေနေတာဖြစ်ပါတယ်။

    အလက်ရှိအခြေအနေထိ ကမ္ဘောဇဘဏ်တွေ ပိတ်သိမ်းခံရခြင်း မရှိသလို မြန်မာနိုင်ငံအတွင်းက မည်သည့်ဘဏ်မှ ပိတ်သိမ်းခံရတဲ့ဖြစ်စဉ်မျိုးဒီကာလထဲဖြစ်ပွားထားတာမရှိသေးပါဘူ။ ဒီသတင်းမှာပိုပြီးဆိုးရွားတဲ့နောက်ထပ်အချက်အလက်တစ်ခုက ပိတ်ခံရတဲ့ဘဏ်နဲ့ ဘဏ်ပိုင်ရှင်ကိုလွဲမှားပြီးချိတ်ဆက်ရေးသားထားတာဖြစ်ပါတယ်။သတင်းအတုထဲမှာ ဘဏ်တွေ ပိတ်သိမ်းခံရလို့ ဦးတေဇ ဒုက္ခရောက်ပြီလို့ ဖော်ပြထားပေမယ့် KBZ ဘဏ်ပိုင်ရှင်ဟာ ဦးတေဇ မဟုတ်ပါဘူး။ ဦးအောင်ကိုဝင်း ခေါ် ဆရာကျောင်း ဖြစ်ပါတယ်။

    ဒီသတင်းဟာ တခြားခေါင်းစဉ်လွဲသတင်းတွေနဲ့ အပြင် ၎င်းတို့ ဖြန့်ဝေထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ တစ်ခြား သတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    Fake newsKBZ banksshut downMilitaryCoupClickbaitsသတင်းအတုကမ္ဘောဇဘဏ်ပိတ်သိမ်းခံရ
    Read Full Article
    Claim :   KBZ ဘဏ် ၁၅ ခု ပိတ်သိမ်းခံရပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!