BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုရှား အထူးတပ်ဖွဲ့ဝင် ၁၀၀၀၀ က...
သတင်းအတု

ရုရှား အထူးတပ်ဖွဲ့ဝင် ၁၀၀၀၀ က မြန်မာစစ်တပ်နဲ့အတူ ပူးတွဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းအတု

ရုရှားအထူးတပ်ဖွဲ့ဝင် တစ်သောင်းက မြန်မာစစ်တပ်နဲ့အတူ ပူးတွဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 Nov 2023 3:45 PM IST
  • ရုရှား အထူးတပ်ဖွဲ့ဝင် ၁၀၀၀၀ က မြန်မာစစ်တပ်နဲ့အတူ ပူးတွဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို သာစည်ဒဟတ်တောဟစ်တိုင် အမည်နဲ့ အကောင့်တစ်ခုက နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပါတယ်။ သတင်းအမှားထဲမှာ ရုရှားနိုင်ငံက အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့ အင်အား ၁၀၀၀၀ ကျော်က မြန်မာစစ်တပ်နဲ့ ပူပေါင်းတိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူတွေများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ရုရှားအထူးတပ်ဖွဲ့ဝင် တစ်သောင်းက မြန်မာစစ်တပ်နဲ့အတူ ပူးတွဲတိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းကို တနင်္သာရီတိုင်း၊ မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာ၌ မြန်မာ့ တပ်မတော် (ရေ)နှင့် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များဖြင့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သောကြောင့် ယင်းဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အောက် ဖြတ်သန်းခြင်း မရှိရန် သတိပေးချက် ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ ရေတပ်နဲ့ ရုရှားရေတပ်တို့ဟာ နိုဝင်ဘာလ ၇ ရက်ကနေ ၉ ရက်နေ့အထိ တနင်္သာရီတိုင်း၊ မြိတ်မြို့ရဲ့ အနောက်ဘက် ရေမိုင် ၈၅ မိုင်အကွာမှာ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ အဆိုပါ မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးတွဲ လေ့ကျင့်ခန်း ပထမအကြိမ်ရဲ့ ဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီရေတပ်၊ လေတပ်နဲ့ ရုရှားရေတပ်ရဲ့ စစ်ရေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

    ရုရှား-မြန်မာ ၂ နိုင်ငံ ပူးတွဲ လေ့ကျင့်မှုသက်သက်သာ ဖြစ်ပြီး သတင်းအမှားထဲမှာ ရေးသားထားသလို ရုရား အထူးတပ်ဖွဲ့ ၁၀၀၀၀ က ပူးတွဲတိုက်ခိုက်ဖို့ ပြင်ဆင်ထားတာ မဟုတ်ပါဘူး။ ဒါ့အပြင် စစ်ရေးလေ့ကျင့်မှုမှာ ရုရှားရေတပ်သာ ဖြစ်ပြီး အထူးအကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့တွေလည်း မဟုတ်ပါဘူး။ သတင်းအမှားဖြန့်သူက ချဲ့ကားရေးသားကာ ပုံမှားရိုက်ထားခြင်းသာ ဖြစ်ပါတယ်။

    အဆိုပါ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ဧရာဝတီက ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ သတင်းတုတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အကောင့်ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsRussian special forcesMyanmar MilitaryCoupPropagandaသတင်းအတုစစ်ကောင်စီဝါဒဖြန့်ရုရှားရေတပ်
    Read Full Article
    Claim :   ရုရှားနိုင်ငံက အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့ အင်အား ၁၀၀၀၀ ကျော်က မြန်မာစစ်တပ်နဲ့ ပူပေါင်းတိုက်ခိုက်ဖို့ အသင့်ပြင်
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!