BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်လာစျေးတက်လို့ တစ်သောင်းတန်တွေ...
      သတင်းအတု

      ဒေါ်လာစျေးတက်လို့ တစ်သောင်းတန်တွေ ဖျက်သိမ်းတယ်ဆိုတဲ့သတင်းအတု

      မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာစျေးတွေ ခုန်တက်လာတာကြောင့် မြန်မာကျပ်ငွေ တစ်သောင်းတန်တွေ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ်ဒီရက်ပိုင်းထဲလူမှုကွန်ရက်မှာထပ်မံပျံ့နှံ့လာပါတယ်။

      By - Boom Live Myanmar | 30 Sep 2021 6:37 AM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဒေါ်လာစျေးတက်လို့ တစ်သောင်းတန်တွေ ဖျက်သိမ်းတယ်ဆိုတဲ့သတင်းအတု

      အဆိုပါ သတင်းအမှားကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထူးချန်နယ် ဆိုတဲ့ YouTube အကောင့်တစ်ခုက စက်တင်ဘာလ ၂၈ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး ၎င်း သတင်းအမှား Video ကို Shwe Nadi Linn ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းဆိုတဲ့ Facebook Group ထဲကို ဖြန့်ဝေထားပါတယ်။

      အဆိုပါ Video ကို ဖြန့်ဝေရာမှာ "ဒေါ်လာစျေးတက်လို့ တစ်သောင်းတန်ကို ဖျက်သိမ်းလိုက်ပြီ" လို့ ရေးထားပါတယ်။ လူမှုကွန်ယက်ပေါ် မြင်နေရမယ့် Video ရဲ့ Feature Photo ပေါ်မှာ "အရေးကြီးသတင်း၊ တစ်သောင်းတန်ဖျက်သိမ်းလိုက်ပြီ" လို့ ရေးသားထားပါတယ်။ ၎င်းရဲ့ Youtube ပေါ်မှာလည်း "ဒေါ်လာစျေးခုန်တက်ပြီးကျပ်ငွေတစ်သောင်းတန်ကိုစစ်ကောင်စီဖျက်သိမ်း" လို့ ရေးသားထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေထားမှုကို ဒီမှာ ကြည့်ပါ။ အဆိုပါ video ကို ဖေ့စ်ဘွတ်ပေါ်မှာ ထပ်ဆင့်ဝေမျှသူများရှိသလို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၁၀၀ ကျော်ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      မြန်မာငွေကျပ်တန်ဖိုးကျဆင်းကာ ဒေါ်လာစျေး မြင့်တက်လာမှုကြောင့် တစ်သောင်းတန်ငွေ စက္ကူတွေ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာထားတဲ့ YouTube Video ဖြစ်တာကို တွေ့ရပါတယ်။

      မြန်မာငွေကျပ်တွေ ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအမှားဟာ မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားဖြစ်ပြီး မြန်မာနိုင်ငံဗဟိုဘဏ်က လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေ ဖျက်သိမ်းခြင်း မရှိဘူးလို့ အာမခံချက်ပေးထားပါတယ်။ဒါ့အပြင် သတင်းအမှား တင်ထားတဲ့ YouTube အကောင့်က တင်ထားတဲ့ Video ရဲ့ ခေါင်းစဉ်မှာသာ ၁၀၀၀၀ တန် ငွေစက္ကူတွေ ဖျက်သိမ်းမယ်လို့ ရေးထားပေမယ့် Video ထဲမှာ ဖေ့စ်ဘွတ်အသုံးပြုသူ တစ်ဦး Live လွင့်ထားတဲ့ Video ကိုပြန်ယူပြီး တင်ထားခြင်းသာ ဖြစ်ပါတယ်။

      အဆိုပါ YouTube ချန်နယ်ကို Subscribe လုပ်ထားသူ ၄၄၀၀၀ ကျော်ရှိနေပြီး လူအများဝင်ရောက်ကြည့်ရှု့အောင် လိမ်ညာထားတဲ့ သတင်းတွေတင်ကာ စီးပွားရှာနေတဲ့ ချန်နယ်တစ်ခုဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake news Myanmar kyats Bank Note Currency abolished USD Coup Military စစ်ကောင်စီ မြန်မာငွေကျပ် ဖျက်သိမ်း သတင်းအတု 
      Read Full Article
      Claim :   မြန်မာငွေကျပ်တန်ဖိုးကျဆင်းကာ ဒေါ်လာစျေး မြင့်တက်လာမှုကြောင့် တစ်သောင်းတန်ငွေ စက္ကူတွေ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့အကြောင်းအရာဟာ သတင်းအမှားသာဖြစ်ပါတယ်။
      Claimed By :  facebook, YouTube
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!