BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဘူးသီးတောင်မှာ မွတ်စလင် အယောက် ၁၀၀၀...
      သတင်းအတု

      ဘူးသီးတောင်မှာ မွတ်စလင် အယောက် ၁၀၀၀ အသတ်ခံရတယ်ဆိုတဲ့ သတင်းအတု

      ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်မှာ မွတ်ဆလင် ထောင်ဂဏာန်းခန့် အစုလိုက် အပြုံလိုက် သတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  20 Jun 2024 9:11 PM IST
    • ဘူးသီးတောင်မှာ မွတ်စလင် အယောက် ၁၀၀၀ အသတ်ခံရတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “ဘူးသီးတောင် မှာ မွတ်ဆလင် ၁၀၀၀ကို အစုလိုက်အပြုံလိုက် သတ်တာ ကိုထောက်ခံ တဲ့ အစွန်းရောက် အကြမ်းဖက် အုပ်စု က ဗျိုင်းဖြူ ရွာ လူ၄၀ နဲ့ လုပ်ကြံဇာတ်လမ်း က မြင်ရသူတွေအတွက် အပျင်းပြေ ဟာ သ တစ်ပုဒ် ဖြစ်စေတယ်“ (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့မှာ မွတ်စလင် ၁၀၀၀ ကျော် အစုလိုက် အပြုံလိုက် အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေကာ ဘူးသီးတောင်မြို့ကို AA က ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေချိန်မှာ မွတ်စလင်တွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီလို မီးရှို့ခံရတဲ့ ဖြစ်စဉ်အပေါ် ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူတွေနဲ့ AA ကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး အငြင်းပွားသရာ အခြေအနေ ဖြစ်ပွားနေပါတယ်။ အာရက္ခတပ်တော် AA ဘက်ကလည်း နေအိမ်တွေ မီးရှို့ခံရမှုဟာ AA နဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။

      ဒီလို ၂ ဖက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့အချိန် ဘူးသီးတောင်မှာ မွတ်စလင် ၁၀၀၀ ကျော် အစုလိုက် အပြုံလိုက် အသတ်ခံရတယ်လို့ စစ်ကောင်စီထောက်ခံသူတွေက အချိန်ကိုက် သတင်းအမှားဖြန့်လာတာပဲ ဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။


      Tags

      Fake newsArakan ArmyRohingyaButhidaungRakhine StateMilitaryသတင်းအတုဘူးသီးတောင်မြို့အာရက္ခတပ်တော်စစ်ကောင်စီ
      Read Full Article
      Claim :   ဘူးသီးတောင်မှာ မွတ်စလင် အယောက် ၁၀၀၀ အသတ်ခံရ
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!