BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကိုဂျင်မီ ပြန်ပေါ်လာတယ်လို့...
သတင်းအတု

ကိုဂျင်မီ ပြန်ပေါ်လာတယ်လို့ ဖြန့်ထားတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေကဖမ်းဆီးပြီး ကြိုးပေးခံရတဲ့ ၈၈ မျိုးဆက်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ ပြန်ပေါ်လာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  20 March 2023 3:31 PM IST
  • ကိုဂျင်မီ ပြန်ပေါ်လာတယ်လို့ ဖြန့်ထားတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို သတင်းမီဒီယာ ပေ့ချ်တစ်ခုပုံစံ ဖန်တီးထားတဲ့ World News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၁ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပါတယ်။ ၎င်းသတင်းအမှားကို website တစ်ခုထဲမှာရေးသားထားတာဖြစ်ပြီး Link ကို ယူကာ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ပြန်လည်ဖြန့်ဝေထားပါတယ်။ ဒီ သတင်းအမှားထဲမှာ ကိုဂျင်မီနဲ့ ဒေါ်အောင်ဆန်းစုကြည် စကားရပ်ပြောနေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “သေရွာက ပြန်လာတဲ့ ကိုဂျင်မီ” လို့ ရေးသားထားပါတယ်။ ဒီသတင်းကို ဖေ့စ်ဘွတ်စာမျက်နှာနဲ့ YouTube ပေါ်ဖြန့်ဝေရာမှာလည်း “သေရွာကပြန်လာတဲ့ကိုဂျင်မီ-လူတိုင်းအတွက်သူရဲကောင်းကြီး” လို့ ထပ်မံရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်စာမျက်နှာတွေကနေတဆင့် လူများတဲ့ Group တွေထဲကို ထပ်ဆင့်ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီတွေ ဖမ်းဆီးပြီး ကြိုးပေးသတ်ဖြတ်လိုက်တဲ့ ၈၈ မျိုးဆက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ ပြန်ပေါ်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထာတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုဂျင်မီကို ကြိုးပေးသတ်ဖြတ်ခဲ့ပြီး အကျဉ်းဦးစီးက တာဝန်ကျသူတွေက Myanmar Now သတင်းဌာနနဲ့ တစ်ခြား သတင်းဌာနတွေကို အတည်ပြုထားပါတယ်။ သတင်းအမှားဖြန့်သူတွေ ရေးထားသလို ပြန်ပေါ်လာခြင်းလည်း မရှိပါဘူး။

    ဒါ့အပြင် ၎င်းတို့ Website ထဲမှာ ကိုဂျင်မီပြန်ပေါ်လာပြီလို့ ဖြန့်ထားပြီး YouTube Video တစ်ပုဒ်ကို ထပ်မံဝင်ကြည့်ဖို့ ညွှန်းထားပါတယ်။ အဆိုပါ YouTube Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupPDF88 GenerationsActivistကိုဂျင်မီစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   သေရွာကပြန်လာတဲ့ကိုဂျင်မီ-လူတိုင်းအတွက်သူရဲကောင်းကြီး
    Claimed By :  Facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!