BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Video အဟောင်းကို အသုံးပြုပြီး...
သတင်းအတု

Video အဟောင်းကို အသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ Video အဟောင်းတစ်ခုကို ပြန်တင်ပြီး မင်းတပ်မြို့က Gen Z တွေရဲ့ Video ဖြစ်တယ်လို့ ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 Aug 2021 3:11 PM IST
  • Video အဟောင်းကို အသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းအတု

    အဆိုပါ Video ကို "မင်္ဂလာရှိသောအရပ်" ဆိုတဲ့ နာမည်နဲ့ ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်က ဩဂုတ်လ ၂၀ ရက်နေ့ နေ့ခင်း ၂ နာရီ ၄၀ မိနစ်မှာ တင်ထားတာဖြစ်ပြီး Video ရဲ့အပေါ်မှာ "Fb တင်ရင် ban လို့ Cb ကနေ လက်ဆင့်ကမ်းပေးကြပါ။ မင်းတပ်မှာ ယုတ်မာနေကြပြီ" လို့ ရေးတင်ထားပါတယ်။

    အဲ့ဒီ Video ဟာ ၁ မိနစ်နဲ့ ၁၁ စက္ကန့်ကြာမြင့်ပြီး Video ထဲမှာ မီးခိုးတွေ မီးလောင်ထားတဲ့ နေရာမှာ လူတစ်ယောက်က တခြားလဲကျနေသူတွေ လက်နက်ကြီးထိမှန်ပြီး လဲကျနေသူတွေဆီကို ကယ်ဆယ်ဖို့ သွားနေတာကို ရိုက်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ Video ကို ပြန်လည်ဖြန့်ဝေသူက စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်တာကို တွေ့ရပြီး မင်းတပ်မြို့က Gen Z တွေ သေနေတယ်လို့ ဆိုကာ လှောင်ပြောင် ဖြန့်ဝေရေးသားမှု ပြုလုပ်ထားပါတယ်။

    အဆိုပါ Video ကို Like လုပ်ထားသူ ၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၄၀၀ ကျော်ရှိနေပါတယ်။မူရင်း ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ မင်းတပ်မြို့က Gen Z တွေ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မူရင်းဖြစ်စဉ်ဟာ မတ်လ ၃၀ ရက်နေ့က KNU တပ်မဟာ (၃) နယ်မြေမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နဲ့ ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေး ကုမ္ဗဏီလီမိတတ်တို့ ပူးပေါင်းပြီး ရွှေသတ္တုတူးဖော်ရေးများ လုပ်ကိုင်နေသည့် နေရာကို စစ်တပ်ကတိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ Video ဖြစ်တာကို တွေ့ရပါတယ်။

    ဒီလို ဗုံးကြဲချခဲ့တဲ့ အတွက် ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အရပ်သား စုစုပေါင်း (၁၁) ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ၇ရှိခဲ့ပါတယ်။ အဆိုပါ Video ဟာ မင်းတပ်မြို့က မဟုတ်သလို Gen Z တွေလည်း မဟုတ်ပါဘူး။ ရွှေကျင်နေတဲ့ အရပ်သားတွေသာ ဖြစ်ပါတယ်။

    စစ်တပ်က ဗုံးကြဲခဲ့တဲ့ အကြောင်းကို ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းနဲ့ RFA သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတွေကို အောက်ပါ Link မှာ ဖတ်ပါ။

    KNU ရွှေတူးဖော်ရေးလုပ်ကွက်ကို စစ်တပ်ဗုံးကျဲ၊ အရပ်သား ၇ ဦး သေဆုံး

    KNU နဲ့ KIA နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်


    Tags

    Fake newsold videoAirstrikeMilitaryCoupKNUသတင်းအတုလေကြောင်းတိုက်ခိုက်မှု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ မင်းတပ်မြို့က Gen Z တွေ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!