BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • လက်နက်ရောင်းဝယ်မှု Video...
      သတင်းအတု

      လက်နက်ရောင်းဝယ်မှု Video ပေါက်ကြားမှုကြောင့် NUG ထိပ်ပိုင်း သဘောထားကွဲလွဲနေတယ်ဆိုတဲ့ သတင်းအတု

      အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ လက်နက်ရောင်းဝယ်ဖို့ ပြောဆိုနေတဲ့ Zoom Video ပေါက်ကြားမှုကြောင့် ဒေါက်တာဇော်ဝေစိုး စိတ်ဆိုးဒေါသထွက်နေပြီး NUG ထိပ်ပိုင်း သဘောထားကွဲလွဲနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  19 Jan 2022 1:26 PM IST
    • လက်နက်ရောင်းဝယ်မှု Video ပေါက်ကြားမှုကြောင့် NUG ထိပ်ပိုင်း သဘောထားကွဲလွဲနေတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို သတင်းစာပါ သတင်းပုံစံဖန်တီးကာ ဖြန့်ဝေထားတာဖြစ်ပြီး ၎င်းသတင်းရဲ့ ခေါင်းစဉ်မှာ "လက်နက်ရောင်းဝယ်မှု ဗွီဒီယိုဖိုင် သတင်းပေါက်ကြားမှု ဒေါက်တာဇော်ဝေစိုး စိတ်ဆိုးဒေါသထွက်နေဟု သိရ၊ NUG ထိပ်ပိုင်းတွင် သဘောထားကွဲလွဲနေ" လို့ ရေးသားထားပါတယ်။

      သတင်းအမှားရဲ့ အတွင်းမှာတော့ "လူမှုကွန်ယက် စာမျက်နှာပေါ်မှာ မနေ့က ထွန်းအောင်ကျော်နှင့် မိုးသီးဇွန်တို့ အပြန်အလှန်ပြောထားကြတဲ့ စကားများထွက်ပေါ်လာပြီးနောက် ဒေါက်တာဇော်ဝေစိုးဟာ လက်နက် တရားဝင် ဝယ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပြောကြားနေသည့် ဗွီဒီယိုဖိုင်ဟာလည်း အတော်လေး လူတွေကြားထဲ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာပါတယ်။ ဒေါက်တာဇော်ဝေစိုးဟာ လက်နက်များ PDF တွေအတွက် ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကော်မရှင်ကိုလည်း (၂) ရာခိုင်နှုန်း သူရရှိတယ်လို့ ပြောကြားထားပါတယ်။ အဆိုပါ Movie လေးပေါက်ကြားခဲ့သည့်အတွက် ဒေါက်တာဇော်ဝေစိုးမှာ ပေါက်ကွဲနေပြီး NUG ထဲမှာ သစ္စာမရှိသူ လက်ထောက်ချနေသူများ ဧကန်ရှိနေပြီး မကြာခင် ရှင်းလင်းရေးလုပ်သွားမည် ဖြစ်ကြောင်း နှင့် ဦးရည်မွန်ဘက်က CDM လုပ်လာတဲ့ (တပ်ပြေး) အရာရှိများ၊ နည်းပညာဆိုင်ရာ လုပ်ကိုင်နေသူများကို သံသယရှိကြောင်း အတည်မပြုနိုင်သည့် သတင်းရင်းမြစ်များက စုံစမ်းသိရှိရပါတယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      လက်နက်အရောင်းအဝယ် Zoom Meeting ပေါက်ကြားတဲ့အတွက် ဒေါက်တာဇော်ဝေစိုး စိတ်ဆိုးဒေါသထွက်နေပြီး NUG ထိပ်ပိုင်း သဘောထားကွဲလွဲနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

      လူမှုကွန်ယက်ပေါ် ပေါက်ကြားခဲ့တဲ့ လက်နက်ဝယ်ယူဖို့ ပြောနေကြတဲ့ Zoom Video မှာ ဩစတေးလျမှာ နေထိုင်သူ ကိုထူးထူးဟန်က NUG အတွက် လက်နက်တရားဝင် ဝယ်ယူဖို့ တစ်ဖက်အဖွဲ့အစည်းက NUG နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းပြီး War Crime လို ပြစ်မှုမျိုး ကျူးလွန်ထားခြင်း ရှိမရှိ စစ်ဆေးပြီးမှ ရောင်းချမှာဖြစ်တဲ့အတွက် အချိန်ခဏ စောင့်ပေးရမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။ ၎င်း Zoom Meeting မှာ ဒေါက်တာဇော်ဝေစိုးနဲ့ ABSDF က ကိုထွန်းအောင်ကျော်တို့ပါဝင်ပါတယ်။

      ဒီ Video ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာတော့ ကိုထူးထူးဟန် ရိုက်ကူးထားတာကို ကိုမိုးသီးဇွန်ထံ ပေးပို့ခဲ့ကာ ကိုမိုးသီးဇွန်က Aung Naing Htwe ခေါ် ဂိုရှယ်လေးထံကို ပေးပို့ခဲ့တာဖြစ်ပြီး ဂိုရှယ်လေးက လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ ပြောဆိုမှုတွေ ထွက်ပေါ်နေသလို ထူးထူးဟန်ကိုယ်တိုင် စစ်တပ်အသိုင်းအဝိုင်းကို ပေးပို့ ဖြန့်ဝေခဲ့တာလို့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအချက်အလက် ပေါက်ကြားမှုဟာ ကိုမိုးသီးဇွန်နဲ့ သက်ဆိုင်ခြင်း မရှိသလို Zoom Meeting တက်ရောက်ခဲ့တဲ့ ကိုထွန်းအောင်ကျော်နဲ့လည်း သက်ဆိုင်ခြင်း မရှိဘူးလို့ ပြောဆိုနေသူတွေလည်း ရှိပါတယ်။

      လူမှုကွန်ယက်ပေါ် ထွက်ပေါ်ခဲ့တဲ့ အဆိုပါ Zoom Video ကို ဒီမှာ ကြည့်ပါ။

      ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေါက်တာဇော်ဝေစိုးက NUG အစိုးရရဲ့ ရုပ်သံလိုင်းဖြစ်တဲ့ PVTV နဲ့ တွေ့ဆုံတဲ့ အင်တာဗျူးမှာ "အခုမီဒီယာထဲမှာ တစ်ချို့ပြောနေတာတွေနဲ့ ပတ်သက်ပြီးတော့ ဆရာ့အတွက်ကတော့ ဒါပြဿနာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဟာနဲ့ ပတ်သက်ရင် ဆရာဟာ တော်လှန်ရေးကို သစ္စာဖောက်တာလည်း မဟုတ်ဘူး။ ပြည်သူကို သစ္စာဖောက်တာလည်း မဟုတ်ဘူး။ တော်လှန်ရေးအပေါ် ထိခိုက်အောင် ပြည်သူကိုထိခိုက်အောင် လုပ်တာလည်း မဟုတ်တဲ့အတွက် ဆရာ့အနေနဲ့ ဒါနဲ့ ပတ်သက်ရင် ပြောစရာလည်း မလိုဘူး။ ပြောဖို့လည်း မလိုသလို ပြောလည်း ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီဟာကို ဖြစ်အောင် အဲ့လိုလုပ်တဲ့ ပေါ့နော် ….. Double Encrypted Zoom ကို အပြင်ကနေ ဓါတ်ပုံရိုက်ပြီးတော့၊ Video ရိုက်ပြီးတော့ ပြန်တင်တာတော့ ဆရာနဲ့ ဘာမှ မပတ်သက်ဘူး။ ဆရာဘာမှလည်း မဖြစ်ဘူး။ အခုလိုမျိုး ပထမဆုံးအကြိမ်တွေ့တဲ့ အစည်းအဝေးမှာပဲ ပထမဆုံအကြိမ် သိလိုက်ရတဲ့အတွက် လုံခြုံရေးအရလည်း ဘာမှ မဖြစ်သွားဘူး။ ကြိုးပေါက်သွားခြင်းလည်း မရှိဘူး။ ငွေရေးကြေးရေး ဆုံးရှုံးမှုလည်း မရှိဘူး။ ပစ္စည်းဆုံးရှုံးမှုလည်း မရှိဘူး။ နိုင်ငံရေးအရ ဆုံးရှုံးသွားတာ မဟုတ်တဲ့အတွက် ဆရာ့အနေနဲ့ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှ ဘယ်လိုမှ မခံစားရပါဘူးလို့ ပြောချင်တယ်။ နောက်တစ်ခုက တကယ်လို့သာ ဆရာက ပြည်သူရဲ့ တော်လှန်ရေးကို ထိခိုက်အောင် လုပ်မိရင် ပြည်သူကို သစ္စာဖောက်သလို ဖြစ်သွားရင်၊ တော်လှန်ရေးကို သစ္စာဖောက်သလို ဖြစ်သွားရင် ဆရာ့အနေနဲ့ တစ်သက်လုံး ယူကြုံးမရဘူးဖြစ်မှာ။ ခု ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ဆရာ ဘာမှမဖြစ်ဘူး။ တော်လှန်ရေးကို အဆုံးထိတိုက်သွားမှာလို့ ပြောချင်တယ်" လို့ ပြောကြားထားပါတယ်။

      ဒေါက်တာဇော်ဝေစိုး ပြောကြားထားတဲ့ အကြောင်းအရာကို PVTV က အင်တာဗျူး Video ရဲ့ ၁၅ မိနစ် ၇ စက္ကန့်မှာ ကြည့်ပါ။


      Tags

      Fake newsarms dealZoom VideoleakedNUGCoupသတင်းအတုလက်နက်အရောင်းအဝယ်သဘောထားကွဲလွဲ
      Read Full Article
      Claim :   လက်နက်ရောင်းဝယ်မှု ဗွီဒီယိုဖိုင် သတင်းပေါက်ကြားမှု ဒေါက်တာဇော်ဝေစိုး စိတ်ဆိုးဒေါသထွက်ပြီး NUG ထိပ်ပိုင်းတွင် သဘောထားကွဲလွဲနေ
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!