BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မုံရွာသပိတ်ခေါင်းဆောင်...
သတင်းအတု

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပေါ် လုပ်ကြံရေးသားထားတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပေါ် လုပ်ကြံရေးသားပြီး တိုက်ခိုက်ထားတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  9 April 2021 12:32 PM IST
  • မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပေါ် လုပ်ကြံရေးသားထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Ko Black ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၆ ရက်နေ့မှာ ရေးတင်ထားတာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ARSA အဖွဲ့ရဲ့ ခေါင်းဆောင်လို့ ရေးသားတိုက်ခိုက်ထားပါတယ်။ ယင်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "မုံရွာARSAခေါင်းဆောင် Wai moe Naing ကို ဖမ်းဆီးရမိကြောင်း သတင်းထွက်ပေါ်" လို့ ရေးသားထားပွီး "ARSA အဖွဲ့ဝင်ဖြစ်ပြီး စည်းရုံးရေး တာဝန်ခံဖြစ်သူ မုံရွာ မြေပေါ် ဆူပူလှုံ့ဆော်ရေး ခေါင်းဆောင် ဝေမိုးနိုင်ကို ယနေ့ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ KIA /KIOcအဖွဲ့ကို ဆက်သွယ်၍ လက်နက်များ မှာယူ အကြမ်းဖက်ရန် စီစဉ်နေစဉ် ယင်းလက်နက်များ တင်ဆောင်လာတဲ့ကားကို ဖမ်းဆီးနိုင်ခဲ့အပြီး ဝေမိုးနိုင်ကို တောနင်းရှာဖွေ ခဲ့တာဖြစ်ပါတယ် ၊ ဝေမိုးနိုင်ရဲ့ ကိုယ်ရံတော်လုပ်သူကို ပထမနေ့မှာ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့အပြီး ၎င်း အထိုင်ချ နေရာဌာန ကို ဝင်ရောက်စီးနင်း ရာမှာ စာရွက်စာတမ်းများ တွေ့ရှိခဲ့ပြီး ဝေမိုးနိုင်ကို မတွေ့ရှိခဲ့ပေ။ တာဝန်သိ ပြည်သူများ သတင်းပေးချက်အရ ထပ်မံ စောင့်ဆိုင်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို မာရှယ်ခေါ် စစ်ဘုရင်ဆိုသူက ရေးသားထားကြောင်း အောက်ဆုံးမှာ ဖော်ပြထားပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပေါ် အပေါ် ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပက်သတ်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဘာသာရေးအရ သွေးထိုးဖို့ လှုံ့ဆော်ရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    မုံရွာမှာ စစ်ဆန့်ကျင်ရေး သပိတ်တွေ အရှိန်မြင့် လုပ်ဆောင်နေတဲ့အတွက် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဝရမ်းထုတ်ထားခဲ့တာတွေ ရှိသလို နောက်ပိုင်းမှာ အစ္စလာမ်ဘာသာဝင် ဖြစ်တယ်လို့ လူသိများလာတဲ့အချိန်မှာ ARSA အဖွဲ့ရဲ့ စည်းရုံးရေး တာဝန်ခံဆိုပြီး လူမျိုးရေးကို အခြေခံပြီး ထပ်မံဝါဒဖြန့် တိုက်ခိုက်လာတာကို တွေ့ရပါတယ်။

    ဒီ သတင်းအမှားဖြန့်တဲ့ မာရှယ်ခေါ် စစ်ဘုရင် ဆိုတဲ့ နာမည်ဟာ ဟိုးယခင်ထဲက ဘာသာရေး လူမျိုးရေး အခြေခံတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ဖြန့်ပြီး ဆူပူမှု ဖြစ်အောင် သွေးထိုးလှုံ့ဆော်လေ့ရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု တစ်ခုလည်း ဖြစ်ပါတယ်။

    Tags

    Fake newsMonywa strike leaderWai Moe NaingCoupမုံရွာသပိတ်ခေါင်းဆောင်ARSAသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပေါ် အပေါ် ရေးသားထားတဲ့ အကြောင်းအရာနဲ့ ပက်သတ်ပြီး Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!