BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်ကို PDF...
သတင်းအတု

ရန်ကုန်ကို PDF သိန်းချီဝင်ရောက်လာပြီး လေဆိပ်မှာ လူ ၂၀၀ ခန့် သေဆုံးတယ်ဆိုတဲ့ သတင်းအတု

ရန်ကုန်မြို့ကို PDF သိန်းချီဝင်ရောက်လာပြီး လေဆိပ်မှာ လူပေါင်း (၂၀၀) ခန့် သေဆုံးတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 April 2024 9:28 PM IST
  • ရန်ကုန်ကို PDF သိန်းချီဝင်ရောက်လာပြီး လေဆိပ်မှာ လူ ၂၀၀ ခန့် သေဆုံးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဧပြီလ ၂၄ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားလို့ မီးခိုးတွေအပြည့်နဲ့ မီးလောင်ကျွမ်းနေတဲ့ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်လေဆိပ် လူ (၂၀၀) ခန့်သေဆုံး၊ PDF တွေ သိန်းချီဝင်လာလို့ ရန်ကုန်တမြို့လုံး ပွဲဆူကုန်ပြီ။ အရေးကြီးလို့ အမြန်ဖြန့်ပါ။ လုံးဝ အပြင်မထွက်နဲ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ရန်ကုန်မြို့ကို PDF သိန်းချီဝင်ရောက်လာပြီး လေဆိပ်မှာ လူပေါင်း (၂၀၀) ခန့် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို လိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ၊ UG တွေ ရန်ကုန်မှာ များစွာရှိပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြပါတယ်။ ဒါပေမယ့် သတင်းအမှားထဲမှာပြောထားသလို PDF တွေ သိန်းချီဝင်ရောက် လာခြင်းလည်းမရှိသလို ရန်ကုန်လေဆိပ်မှာ လူ (၂၀၀) ခန့် သေဆုံးတဲ့ ဖြစ်စဉ်လည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupNUGPDFသတင်းအတုရန်ကုန်လေဆိပ်
    Read Full Article
    Claim :   ရန်ကုန်လေဆိပ် လူ (၂၀၀) ခန့်သေဆုံး၊ PDF တွေ သိန်းချီဝင်လာလို့ ရန်ကုန်တမြို့လုံး ပွဲဆူကုန်ပြီ။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!