BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အသက် ၃၇၆ နှစ် ရှိတဲ့...
သတင်းအတု

အသက် ၃၇၆ နှစ် ရှိတဲ့ အဖိုးအိုဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

အရိုးပေါ် အရေတင်ဖြစ်နေတဲ့ အဖိုးအိုနဲ့ လူတစ်ဦး ပါဝင်တဲ့ စက္ကန့်ပိုင်းခန့်ကြာ ဗီဒီယိုဖိုင်တစ်ခုကို အသုံးပြုပြီး အသက် ၃၇၆ နှစ်ရှိပြီဖြစ်တဲ့ အီရတ်က အဖိုးအို ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  25 July 2025 10:01 AM IST
  • အသက် ၃၇၆ နှစ် ရှိတဲ့ အဖိုးအိုဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Koko King ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ အရိုးပေါ် အရေတင်ဖြစ်နေတဲ့ အဖိုးအိုနဲ့ လူတစ်ဦး ပါဝင်တဲ့ စက္ကန့်ပိုင်းခန့်ကြာ ဗီဒီယိုဖိုင်တစ်ခုကို အသုံးပြုပြီး 'ဒီနေ့ခေတ် မြင်ရခဲတယ်' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဗီဒီယိုပေါ်မှာ စာတမ်းထိုးပြီး 'အသက် ၃၇၆ နှစ်ရှိပြီဖြစ်တဲ့ အီရတ်က အဖိုးအို' လို့ ရေးသားထားပါတယ်။

    ဒီ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှူ့သူ ၂ သန်း နီးပါးရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်မှု

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဗီဒီယိုဖြစ်တာကို တွေ့ရပါတယ်။

    ဂင်းနစ်ကမ္ဘာ့စံချိန်မှာ ဖော်ပြချက်အရ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး နေထိုင်ခဲ့သူမှာ ပြင်သစ်နိုင်ငံက Jeanne Louise Calment ဖြစ်ပြီး ၁၂၂ နှစ်နဲ့ ၁၆၄ ရက်အထိ နေထိုင်ခဲ့တာဖြစ်ပါတယ်။ Jeanne ဟာ ပြင်သစ်တောင်ပိုင်း၊ Arles ရှိ ဘိုးဘွားရိပ်သာမှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။


    Guinness World Records မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဂင်းနစ်ကမ္ဘာ့စံချိန်မှာ ဖော်ပြချက်အရ ကမ္ဘာပေါ်မှာ အသက်ရှင်လျက် အသက်အရှည်ဆုံးမှာ ဗြိတိန်နိုင်ငံမှ Ethel Caterham ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့ အထိတွက်ချက်မှုအရ အသက် ၁၁၅ နှစ်နဲ့ ၂၅၂ ရက် ရှိပြီ ဖြစ်တယ် လို့ သိရပါတယ်။ သူမကို ၁၉၀၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က ဗြိတိန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ကြောင်း LongeviQuest သက်ကြီးရွယ်အို သုတေသနအဖွဲ့အစည်းရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။


    Guinness World Records မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ AI နည်းပညာနဲ့ ဖန်တီးပြီး အများပြည်သူကို အချက်အလက်အမှားတွေ ပေးနေတာပဲ ဖြစ်ပါတယ်။

    ဖေစ့်ဘွတ်က Content ဖန်တီးရေးသားတွေကို ငွေကြေးပံ့ပိုးတဲ့ အစဉ်အစဉ်စတင်ပြီးနောက်ပိုင်းမှာ အခုလိုအကြောင်းအရာတွေ လုပ်ကြံဖန်တီးရေးသားမှုတွေများပြားလာပါတယ်။

    Tags

    သတင်းတုAI-GeneratedFakenewsfake newsသတင်းမှား
    Read Full Article
    Claim :   အီရတ်က အဖိုးအို အသက် ၃၇၆ နှစ် ရှိပြီလို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!