BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘုန်းကြီး ရဟန်းတွေတွေရဲ့...
သတင်းအတု

ဘုန်းကြီး ရဟန်းတွေတွေရဲ့ မဖွယ်မရာပုံတွေ အသုံးပြုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

အခြားနိုင်ငံက ဓါတ်ပုံတွေနဲ့ ပုံဟောင်းတွေ ရောနှောကာ ဘုန်းကြီး ရဟန်းတွေတွေနဲ့ မိန်းမတွေရဲ့ မဖွယ်မရာပြုနေပုံတွေကို အသုံးပြုပြီး သတင်းအမှားတွေ ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  20 Aug 2025 8:50 AM IST
  • ဘုန်းကြီး ရဟန်းတွေတွေရဲ့ မဖွယ်မရာပုံတွေ အသုံးပြုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Victor Nway Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဩဂုတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေ ခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ဘုန်းကြီးတစ်ပါးနဲ့ မိန်းမတစ်ယောက် နမ်းနေတဲ့ မဖွယ်မရာ ဓာတ်ပုံ ၂ ပုံ၊ ဘုန်းကြီးရဟန်းတွေ စားသောက်ဆိုင်လို့ ယူဆရတဲ့ နေရာတစ်ခုမှာ ဝိုင်းဖွဲ့ စားသောက်နေတဲ့ ဓာတ်ပုံ စုစုပေါင်း ၄ ပုံကို အသုံးပြုပြီး 'မြင့်ဆွေ မသာကိုလိုက်ပို့ပြီး အပြန်လို့ သိရတာပဲ' လို့ ရေးသားဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုဟာ ဩဂုတ် ၁၁ ရက်က နေပြည်တော်စစ်သင်္ချိုင်းမှာ ပြုလုပ်ခဲ့တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနကို ရည်ရွယ်ရေးသား ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ ဩဂုတ် ၇ ရက် မနက်ပိုင်းက နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံ ခုတင် ၁၀၀၀ မှာ တက်ရောက် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ပုံတွေထဲက ဘုန်းကြီး တစ်ပါးနဲ့ အစိမ်းရောင် အင်္ကျီဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦး နမ်းနေတဲ့ ပုံဟာ ထိုင်းနိုင်ငံက ဂွပ်ဖ်ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံအဆင့် ဆရာတော်ကြီးတွေ အပါအဝင် ထိုင်းသံဃာတော် အပါး ၂၀ ကျော်နဲ့ ဖောက်ပြန်ခဲ့လို့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက သတင်းတွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပွက်လောရိုက် ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။


    ထိုင်းနိုင်ငံက Tik Tok အသုံးပြုသူတွေ ဖြန့်ဝေထားတာကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းနဲ့ ပတ်သတ်ပြီး ဒေသတွင်း မီဒီယာတွေမှာလည်း ဖော်ပြခဲ့တာကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးရဲ့ မဖွယ်မရာ ပုံကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက မြန်မာဖေစ့်ဘွတ် အသုံးပြုသူတွေကြားမှာ ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။


    ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    နောက်ထပ် ဘုန်းကြီးရဟန်းတွေ စားသောက်ဆိုင်လို့ ယူဆရတဲ့ နေရာတစ်ခုမှာ ဝိုင်းဖွဲ့ စားသောက်နေတဲ့ ဓာတ်ပုံတွေ ဟာလည်း ပုံဟောင်းတွေသာ ဖြစ်ပြီး ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနအပြီး အပြန်ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။

    ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအချက်အလက် အမှားတွေပဲ ဖြစ်ပါတယ်။

    ဒီဖြန့်ဝေမှု အောက်မှာလည်း ပုံဟောင်းတွေနဲ့ အခြားနိုင်ငံက အဖြစ်အပျက်တွေဆိုတာနဲ့ ဘာသာရေး ညှိုးနွမ်းစေမယ့် ကိစ္စတွေ မပြုလုပ်ဖို့ ဝိုင်းဝန်းရေးသား ထားပေမယ့် ပိုစ့်ကို ဖြုတ်ချခြင်း၊ ပြုပြင်ခြင်း မပြုလုပ်ပဲ ဆက်လက်ထားရှိထားတာ တွေ့ရပါတယ်။

    Tags

    ဘုန်းကြီးကျောင်းဓာတ်ပုံအမှားold photoFakenewsသတင်းမှားသတင်းတု
    Read Full Article
    Claim :   ဦးမြင့်ဆွေ ဈာပနအပြီး ဘုန်းကြီး ရဟန်းတွေရဲ့ မဖွယ်မရာပုံတွေ ထွက်ပေါ်
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!