BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • တောင်ကိုရီးယာရဲ့...
Top Block

တောင်ကိုရီးယာရဲ့ ကြိုတင်မဲဆိုတဲ့သတင်းအတု

ရွေးကောက်ပွဲကို အခြေခံပြီး သတင်းတု၊ သတင်းမှားမြောက်များစွာ ရေးသားဖြန့်ဝေနေတဲ့အထဲ ဒီတစ်ခေါက် ဖော်ပြမယ့်သတင်းကတော့ လုပ်ကြံရေးသားထားတဲ့ ကြိုတင်မဲ ပေးခြင်းအကြောင်းအရာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  22 Aug 2020 9:46 AM IST
  • တောင်ကိုရီးယာရဲ့ ကြိုတင်မဲဆိုတဲ့သတင်းအတု

    ၂၀၂၀ ရွေးကောက်ပွဲ တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲအရေအတွက်ဆိုပြီး အထက်ဖော်ပြပါပုံနဲ့ ပူးတွဲပြီး အွန်လိုင်းပေါ်မှာ ဖြန့်ဝေနေတဲ့သတင်းက မှားလား၊ မှန်လားဆိုတာ ဗဟုသုတ အနည်းငယ် ရှိရုံနဲ့ ခွဲခြားနိုင်မှာ ဖြစ်သော်လည်း ဒီသတင်းကို သီးခြား ဖြန့်ဝေမှု အများအပြားကနေ ထပ်ဆင့်ဖြန့်ဝေသူ ထောင်နဲ့ချီပြီး ရှိနေပါတယ်။

    ဖြန့်ဝေနေတဲ့ ပိုစ့်ထဲမှာ ရေးထားတာက "၂၀၂၀ ရွေးကောက်ပွဲတွက် ကြိုတင်မဲအရေအတွက် တောင်ကိုးရီးယားမှာ NLDကတော့ ၁၁၈မဲနဲ့ ဦးဆောင်နေပါပြီ။ ဒူးမကောင်း၊ ခြေမသန်တဲ့ သူတွေနဲ့ ဘောလုံးကန်နေရသလိုပဲ။ တကယ်တော့ပြည်သူ့ရင်ထဲမှာ nld ပဲရှိတာပါ စိတ်ချယုံကြည်ပြည်သူ့ပါတီလေ။ nld မှ nld။ 2008 ခြေဥကြောင့် ပြောင်းလဲဘို့ရာ အားမရခဲ့ပေမဲ့ ပြည်သူကို ပြည်သူသာအမိ ပြည်သူသာအဖ လိုဆက်ဆံတာ nld ပဲရှိတယ်။" ဆိုပြီး ရေးသားထားတာပါ။ ပုံမှာတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ PPP ပါတီတွေက ကြိုတင်မဲ တစ်မဲစီနဲ့ NLD ပါတီက ၁၁၈ မဲ ရရှိထားသလို ပုံဖော်ထားတာပါ။

    ရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အထွေထွေရွေးကောက်ပွဲ မဲပေးခွင့်ကို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတိုင်း ရရှိနိုင်တာ ဖြစ်တဲ့အတွက် ကြိုတင်မဲပေးရာမှာ ပုံစံ (၁၅) ဆိုတဲ့ အသက်ပြည့်မီကြောင်း ထောက်ခံတဲ့ ဖောင်ကို ဖြည့်ပြီးတင်ရမှာဖြစ်ပါတယ်။

    အစိုးရ ခွင့်ပြုချက်နဲ့ နိုင်ငံပြင်ပမှာ ရောက်ရှိနေသူများ (ပြည်ပမှာရောက်ရှိနေသူများ) အနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက လက်ခံရရှိတဲ့ ပုံစံတွေမှာ ဖြည့်သွင်းပြီး သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံကို ပြန်လည်ပေးပို့ ရမှာဖြစ်ပါတယ်။

    သက်ဆိုင်ရာ သံရုံးအကြီးအမှူး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး အကြီးအမှူး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် ယင်းပုံစံဖောင်တွေကို စိစစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် ပြန်လည်ပေးပို့လာတဲ့ ပုံစံတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို လွှဲအပ်ရမှာဖြစ်ပါတယ်။

    ရွေးကောက်ပွဲ ကော်မရှင်က မိမိမဲပေးဖို့ လျှောက်ထားတဲ့ မြို့နယ်ကအချက်အလက်တွေနဲ့ စိစစ်ပြီး ကြိုတင်မဲပေးခွင့်စာရင်း ပြန်ချပေးမှာ ဖြစ်တယ်။ ဒါကို သက်ဆိုင်ရာနိုင်ငံအလိုက် သံရုံးတွေက အမည်စာရင်းကြေငြာပေးမှာ ဖြစ်ပြီး မိမိအမည်ပါတဲ့သူတွေသာ ကြိုတင်မဲပေးခွင့်ရှိမှာ ဖြစ်ပါတယ်။ ကြိုတင်မဲပေးတာနဲ့ ပါတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေငြာထားချက်ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    ယခုအချိန်မှာ ကြိုတင်မဲပေးခွင့် လျှောက်ထားတဲ့အဆင့်သာ ရှိသေးပြီး သက်ဆိုင်ရာသံရုံးတွေက သံရုံးတွေက အမည်စာရင်းကြေငြာပေးနေပါတယ်။ ဒီအဆင့်မှာ မိမိနာမည်စာရင်း ပါမပါနဲ့ မှန်မမှန် စစ်ဆေးပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီ မဲပေးဖို့ စောင့်ဆိုင်းရုံသာဖြစ်ပါတယ်။

    အထက်ဖော်ပြပါပုံမှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးရဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဖော်ပြခဲ့တဲ့ ကြေညာထားချက်ဖြစ်ပါတယ်။ ကြောညာချက်မှာ ပုံစံ (၁၅) ပေးပို့နိုင်တဲ့ရက်ကို ယခင်က သြဂုတ်လ ၅ ရက်နေ့နောက်ဆုံးသတ်မှတ်ခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က ရက်တိုးသတ်မှတ်လိုက်တဲ့အတွက် သြဂုတ်လ ၁၅ ရက်အထိ ထပ်တိုးထားကြောင်း၊ လက်ရှိမှာ သံရုံးအနေနဲ့ ပုံစံ (၁၅) လက်ခံရရှိသူများကိုသာ ထုတ်ပြန်ကြေညာပေးခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ (၁၄) ရက်မှာ ဒုတိယအကြိမ်ထပ်မံထုတ်ပြန်ကြေညာမယ့် မဲဆန္ဒရှင်များစာရင်းမှာ ပါဝင်မှသာ မဲပေးခွင့်ရရှိမှာဖြစ်ကြောင်း ကြေငြာထားတာဖြစ်ပါတယ်။ သံရုံးရဲ့ ကြေညာချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒီအချက်တွေကို ကြည့်ရုံနဲ့ လက်ရှိအွန်လိုင်းပေါ်မှာ " ၂၀၂၀ ရွေးကောက်ပွဲ တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲ အရေအတွက်" ဆိုပြီး ရေးသာဖြန့်ဝေနေမှုတွေဟာ သတင်းအမှားတွေသာဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

    Tags

    Myanmar Embassy SeoulMyanmar Election Commission2020 Myanmar ElectionAdvance Votingကြိုတင်မဲပြည်ပရောက်မြန်မာနိုင်ငံသားကြိုတင်မဲဆန္ဒများပေးခြင်းFake news
    Read Full Article
    Claim :   ၂၀၂၀ ရွေးကောက်ပွဲတွက် ကြိုတင်မဲအရေအတွက် တောင်ကိုးရီးယားမှာ NLDကတော့ ၁၁၈မဲနဲ့ ဦးဆောင်နေပြီဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းများအပေါ် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!