BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းအမှား။ကိုရိုနာရောဂါကြောင့်...
သတင်းအတု

သတင်းအမှား။ကိုရိုနာရောဂါကြောင့် ကမ္ဘာ့စိတ်မချရဆုံးမြို့ စာရင်းတွင် ရန်ကုန်မြို့ ဒုတိယချိတ်တယ်ဆိုတဲ့ သတင်း

ဒီသတင်းအတုက ၂၀၁၇ က သတင်းအဟောင်းတစ်ခုကို အခြေခံပြီး ဖန်တီးထားတဲ့သတင်းအတုသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  3 April 2020 9:30 PM IST
  • သတင်းအမှား။ကိုရိုနာရောဂါကြောင့် ကမ္ဘာ့စိတ်မချရဆုံးမြို့ စာရင်းတွင် ရန်ကုန်မြို့ ဒုတိယချိတ်တယ်ဆိုတဲ့ သတင်း
    သတင်းအမှားဖြန့်ချိခဲ့သည့် ဝဘ်ဆိုက်တွင်တင်ထားခဲ့သည့် ခေါင်းစဉ်နှင်ံ့ ဓါတ်ပုံ

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူပေါင်းတစ်သိန်းကျော်က လက်ဆင့်ကမ်းဝေမျှခဲ့တဲ့ ဒီသတင်းဟာ တကယ်တော့ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။ ဒီသတင်းအမှားကို Myanmar Tips ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်မှာ စတင်ရေးသားခဲ့ရာကနေပြည်တွင်းမှာ အလွန်ပျံ့နှံ့သွားခဲ့ပါတယ်။

    ဒီ ဝက်(ဘ်)ဆိုဒ်ကရေးသားတဲ့ သတင်းခေါင်းစဉ်မှာ ကိုရိုနာကြောင့် ကမ္ဘာ့စိတ်မချရဆုံး နိုင်ငံ ထဲမှာ မြန်မာက ဒုတိယရှိနေတယ်လို့ ရေးထားပေမယ့်သူတို့တင်ခဲ့တဲ့အကြောင်းအရာထဲမှာ ၂ဝ၁၇ ခုနှစ်က ကမ္ဘာ့စီးပွားရေး အကြောင်းတွေ သုတေသနပြုလုပ်ထားတဲ့ The Economist Intelligence Unit ရဲ့ စစ်တမ်းထဲက အကြောင်းအရာ တွေကိုသာ ခေါင်းစဉ်ပြောင်းလဲပြီး ဖေပြခဲ့တာဖြစ်ပါတယ်။

    ဒါ့အပြင် ဒီသတင်းထဲမှာ ၂ဝ၁၆ ခုနှစ်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ရာဇဝတ်မှု တွေကိုပါတွဲဆက်ေ ဖာ်ပြထားပြီး ရန်ကုန်မြို့ဟာ ကိုရိုနာအန္တရာယ်အရှိဆုံးမြို့ ဖြစ်နေသယောင် ရေးသားထားတာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ သတင်းအချက်အလက်တွေကို Boom Myanmar က စစ်ဆေးကြည့်တဲ့အခါမှာ Myanmar Tips ဝက်(ဘ်)ဆိုဒ်ဟာ ၂ဝ၁၇ ခုနှစ်က The Economist Intelligence Unit အဖွဲ့ရဲ့ စစ်တမ်းကို အသုံးချပြီး သတင်းအမှား ဖြန့်ချိထားတာကို တွေ့ရပါတယ်။ The Economic Intelligence Unit ရဲ့ ၂ဝ၁၇ ခုနှစ်က စစ်တမ်းကို ဒီ Link မှာ ကြည့်ရှု့နိုင်ပါတယ်။

    တကယ်တော့ The Economic Intelligence Unit ရဲ့ စစ်တမ်းဟာ ဒီဂျစ်တယ်လုံခြုံမှု၊ ကျန်းမာရေး လုံခြုံမှု၊ အခြေခံအဆောက်အဦးတွေရဲ့ လုံခြုံမှု၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လုံခြုံမှုကိုအခြေခံပြီးကမ္ဘာနိုင်ငံပေါင်း ၆ဝ က မြို့ကြီးတွေကို စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။တကယ်တော့ ဒီစစ်တမ်းဟာ စစ်တမ်းအဟောင်းဖြစ်ပေမယ့်လည်း လတ်တလောပျံ့နှံ့နေတဲ့အကြောင်းအရာမှာတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာကိစ္စနဲ့ချိတ်ဆက်ပြီး ခေါင်းစဉ်ကိုအထိတ်တလန့်ဖြစ်စေနိုင်တဲ့ အသုံးအနှူံးတွေနဲ့ ရောနှောဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

    Tags

    ကိုရိုနာရန်ကုန်မြို့သတင်းအတုသတင်းအမှား
    Read Full Article
    Claim :   ကိုရိုနာရောဂါကြောင့် ကမ္ဘာ့စိတ်မချရဆုံးမြို့တွေထဲ ရန်ကုန်မြို့ ပါဝင်နေတယ်ဆိုတာ သတင်းအမှား
    Claimed By :  facebook, Google
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!