BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • သတင်းအမှား ။ မြန်မာကို အနိုင်ယူပြီး...
      သတင်းအတု

      သတင်းအမှား ။ မြန်မာကို အနိုင်ယူပြီး အရှင်သခင် ဖြစ်နေတဲ့ ဝ ပြည်ထောင်စုတပ်မတော် ဆိုတဲ့အကြောင်းအရာ

      မြန်မာကို အနိုင်ယူပြီး အရှင်သခင် ဖြစ်နေတဲ့ ဝ ပြည်ထောင်စု တပ်မတော် ဆိုတဲ့ခေါင်းစဉ်နဲ့ လူမှူကွန်ရက်မှာပျံ့နှံ့နေတဲ့ အကြောင်းအရာဟာ သတင်းအတုတစ်ခုသာဖြစ်ပါတယ်။

      By - Boom Live Myanmar | 27 April 2020 3:24 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • သတင်းအမှား ။ မြန်မာကို အနိုင်ယူပြီး အရှင်သခင် ဖြစ်နေတဲ့ ဝ ပြည်ထောင်စုတပ်မတော် ဆိုတဲ့အကြောင်းအရာ

      ဧပြီလ ၂၀ ရက်နေ့ကစတင်ပြီး ဒီသတင်းအမှားဟာ Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ကနေစတင်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ် ။ ဒီ YouTube အကောင့်ဟာ Frontier Myanmar သတင်းဌာနရဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့က သတင်းအဟောင်း တစ်ပုဒ်ကို ခိုးယူကာ သတင်းခေါင်းစဉ် ပြောင်းတပ်ပြီး အထင်အမြင်လွဲမှားအောင် ပြင်ဆင်ဖြန့်ဝေခဲ့တာပဲ ဖြစ်ပါတယ်။

      Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ဟာ Frontier ရဲ့ မူရင်းသတင်းခေါင်းစဉ်ဖြစ်တဲ့ "နိုးထလာသော 'ဝ' လူမျိုးများ၊ လျှပ်တပြက် ပန်ဆိုင်း" ဆိုတဲ့ ခေါင်းစဉ်ကို "မြန်မာကို အနိုင်ယူပြီး အရှင်သခင် ဖြစ်နေတဲ့ ဝ ပြည်ထောင်စုတပ်မတော်" လို့ခေါင်းစဉ်ပြောင်းလဲ ရေးသားကာ သတင်း Video အတု တစ်ပုဒ်ကို ဖန်တီးပြီး ၎င်းရဲ့ YouTube စာမျက်နှာပေါ် တင်ခဲ့ပါတယ်။

      ဒီ Video ထဲမှာတော့ နောက်ခံဓါတ်ပုံ တစ်ပုံကို Photoshop ပြုလုပ်ကာ သတင်းခေါင်းစဉ် အမှားကို ဖော်ပြထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ Frontier က သတင်းကို ခိုးယူပြီး နောက်ခံ အသံရွတ်ဆို ထားပါတယ်။

      ဒီ Video ကို YouTube မှာ ဝင်ရောက်ကြည့်ရှု့သူ ၉၀၀၀ ကျော်ရှိနေပါတယ်။


      ဒီသတင်းအမှားကို Myanmar Tips ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်တစ်ခုက ပြန်တင်ထားပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် မှာ ဧပြီလ ၂၁ ရက်နေ့ ၃ နာရီ ၃၁ မိနစ် အချိန်မှာ ပြန်တင်ထားပါတယ်။ Myanmar Tips ဝက်(ဘ်)ဆိုက် က သတင်းအမှားကို ထပ်ဆင့်မျှဝေသူ ၄၀၀၀ ကျော်ရှိနေပါတယ်။

      ဒါ့အပြင် ဧပြီလ ၂၁ ရက်နေ့ ၃ နာရီ ၃၂ မိနစ် အချိန်မှာ Thein Soe ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ဟာ Myanmar Tips ဝက်(ဘ်)ဆိုဒ်က ဒီသတင်းအမှားကို သတင်းစုံဆိုတဲ့ Facebook Group ထဲ ကို ဖြန့်ဝေခဲ့ပြီး ၃ နာရီ ၃၃ မိနစ်အချိန်မှာ တခြား Facebook Group တွေဖြစ်တဲ့ မြန်မာသတင်းထူး သတင်းဦးများ၊ မှု့ခင်းသတင်းစုံ စတဲ့ လူများတဲ့ Group တွေထဲ ဖြန့်ဝေခဲ့ပါတယ်။

      ဒီသတင်းအမှားဟာ Myanmar Tips ဖေ့စ်ဘွတ်ပေ့ချ်ကနေ လူများတဲ့ Group တွေထဲကို Thein Soe ဆိုတဲ့ အကောင့် တစ်ခုထဲကနေ အချိန် ၂ မိနှစ်ခန့်အတွင်း ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။


      သတင်းဆန်းစစ်ချက်

      Myanmar Ghost Audio Book မှာ တင်ထားတဲ့ မြန်မာကို အနိုင်ယူပြီး အရှင်သခင် ဖြစ်နေပြိလို့ ပြောလာတဲ့ ဝ ပြည်ထောင်စု တပ်မတော်ဆိုတဲ့ သတင်း ကို ဆန်းစစ်ဖို့ Boom Myanmar က 'ဝ' ပြည်နယ် ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

      ဒီ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဦးညီရန်းက Boom Myanmar ကို အတည်ပြု ပြောဆိုပါတယ်။

      "အားလုံး သိနေပြီးသားပဲ ……. ကျွန်တော်တို့ 'ဝ' ပြည်နယ်မှာလည်း ဒီလို စိတ်ဓါတ်မျိုး မရှိဘူး။ ကျွန်တော်တို့က လက်တွေ့ဆန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်မှုတွေကိုပဲ ဇောက်ချ လုပ်ကိုင်တာပါ။ ဒါတွေက ဟုတ် မဟုတ်ဆိုတာက အားလုံးသိနေပြီးသားလေ" လို့ ဦးညီရန်း က ဆိုပါတယ်။

      သတင်းခိုးယူသုံးစွဲထားခြင်း

      သတင်းအမှား တင်ခဲ့တဲ့ Myanmar Ghost Audio Book ဆိုတဲ့ YouTube အကောင့်ဟာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့က Frontier Myanmar မှာ တင်ထားတဲ့ "နိုးထလာသော 'ဝ' လူမျိုးများ၊ လျှပ်တပြက် ပန်ဆိုင်း" ဆိုတဲ့ သတင်းခေါင်းစဉ်ကို "မြန်မာကို အနိုင်ယူပြီး အရှင်သခင် ဖြစ်နေပြိလို့ ပြောလာတဲ့ ဝ ပြည်ထောင်စု တပ်မတော်" သတင်းခေါင်းစဉ် ပြောင်းတပ်ထားပြီး ကျန်းသတင်းတစ်ပုဒ်လုံးကို ခွင့်ပြုချက်မယူဘဲ ခိုးယူသုံးစွဲထားတာ ဖြစ်ပါတယ်။ Frontier သတင်းဌာနရဲ့ မူရင်း သတင်းဟာ 'ဝ' အထူးဒေသ ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် ၃ဝ ခရီးကို အခြေခံပြီး ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ သတင်းအတုမှာ ပြောဆိုထားတဲ့ အချက်တွေ မပါဝင်ပါဘူး။ မူရင်း သတင်းဟာ ဝ ဒေသ မှာ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့ရပုံ၊ မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်ခဲ့ရပုံ နဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့ရပုံ တို့ကို အခြေခံရေးသားထားခြင်း ဖြစ်ပါတယ်။

      စကားလုံး မှားယွင်းစွာ သုံးစွဲထားခြင်း

      ဒါ့အပြင် အဆိုပါ သတင်းအမှား တင်ခဲ့တဲ့ သူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ 'ဝ' အထူးဒေသ ၂ နဲ့ ပက်သက်ပြီး စကားလုံးတွေ မှားယွင်းစွာ သုံးစွဲထားပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (United Wa State Army-UWSA) ကို သတင်းအမှား တင်ခဲ့တဲ့ သူတွေဟာ 'ဝ' ပြည်ထောင်စု တပ်မတော် လို့ မှားယွင်းစွာ ရေးသားထားပါတယ်။ 'ဝ' အထူးဒေသ ကို 'ဝ' ပြည်နယ် အဖြစ်သာ သုံးစွဲကြပြီး 'ဝ' ပြည်ထောင်စု ဆိုတဲ့ စကားလုံးကို ယနေ့အချိန်ထိ သုံးစွဲခဲ့ခြင်း မရှိပါဘူး။

      'ဝ' ခေါင်းဆောင် ဦးပေါက်ယူချမ်းရဲ့ မိန့်ခွန်း

      ၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ပန်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်အခမ်းအနားမှာ 'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းက " ဝ ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထုတ်လို့ မရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ခွဲမထွက်ရေး ၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာပြုခဲ့သည်။ ကျွန်တော်တို့ ၏ လိုလားချက်မှာ တိုင်းရင်းသားဇာတိမာန်နှင့် တန်းတူညီမျှရေး ၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်သည်။ ပြည်ထောင်စုအစိုးရက ဝတိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် " ဝပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ဤရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကျွန်တော်တို့မှ ရာသက်ပန်ကြိုးစားအားထုတ်သွားကြမည်" လို့ ၎င်းရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ဖူးပါတယ်။





      Tags

      fake newsUWSPUWSAWa StateFalse News
      Read Full Article
      Claim :   မြန်မာကို အနိုင်ယူပြီး အရှင်သခင် ဖြစ်နေတဲ့ ဝ ပြည်ထောင်စု တပ်မတော် ဆိုတဲ့ခေါင်းစဉ်နဲ့ လူမှူကွန်ရက်မှာပျံ့နှံ့နေတဲ့ အကြောင်းအရာဟာ သတင်းအတုတစ်ခုသာဖြစ်ကြောင်း Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  Facebook, Website, Youtube
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!