BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CDM ဝန်ထမ်းတွေနဲ့ မြ၀တီလစာသတင်းအတု
သတင်းအတု

CDM ဝန်ထမ်းတွေနဲ့ မြ၀တီလစာသတင်းအတု

မေလ လဆန်းပိုင်းမှာ CDM ဖျက်ပြီး အလုပ်ပြန်ဆင်းတဲ့ ဝန်ထမ်းတွေကို ၆ လ တစ်ကြိမ်လစာ ထုတ်ပေးမယ် ဆိုပြီးနောက်ပြောင်ဖန်တီးထားတဲ့သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  3 May 2021 3:25 PM IST
  • CDM ဝန်ထမ်းတွေနဲ့ မြ၀တီလစာသတင်းအတု

    အဆိုပါ သတင်းအမှားကို မေလ ၂ ရက်နေ့ ည ၆ နာရီ ဝန်းကျင်မှာ စဖြန့်ခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှား ဖြန့်ဝေမှုမှာ စစ်တပ်ပိုင် မြဝတီ TV channel က သတင်းကြေငြာနေတဲ့ ဓါတ်ပုံ တစ်ပုံကို အသုံးပြုထားပါတယ်။ အဲ့ဒီ ဓါတ်ပုံနဲ့အတူ "စိတ်ခံစားချက်ကို ဦးစားမပေးဘဲ အမြင်မှန်ရကာ ပြန်လည်တာဝန်ထမ်းဆောင်‌နေကြသော နိုင်ငံဝန်ထမ်းများ၏ လစာကို ၆ လတကြိမ်စု၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားမှတဆင့် အသိပေး" ဆိုတဲ့ စာသားနဲ့အတူရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    အဆိုပါ သတင်းအမှား ဖြန့်ဝေမှုကို ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာက လူမှုကွန်ယက်ပေါ် ကူးယူ‌ဖော်ပြလျက်ရှိပါတယ်။

    သတင်းဆန်းစစ်ချက်

    CDM ဖက်ပြီး အလုပ်ပြန်ဝင်နေတဲ့ ဝန်ထမ်းတွေကို ၆ လ တစ်ကြိမ် လစာ ထုတ်ပေးမယ်လို့ မြဝတီ TV ချန်နယ်က ကြေညာသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နောက်ပြောင် ဖြန့်ဝေထားတဲ့ သတင်းအတု ဖြစ်ကြောင်း တွေ့ရပါတယ်။

    မြဝတီ TV ချန်နယ်က အဆိုပါ ကိစ္စကို ကြေညားသွားခြင်း မရှိသလို စစ်တပ်ရဲ့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ပြန်ပြောဆိုထားခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ နောက်ပြောင် ဖြန့်ဝေထားခြင်းသာ ဖြစ်ပါတယ်။

    လက်ရှိမှာ အလုပ်ပြန်ဆင်းနေတဲ့ ဝန်ထမ်းတွေကို သက်ဆိုင်ရာရုံးတွေက ဖေဖော်ဝါရီလ နဲ့ မတ်လ လခ ရှင်းပေးခြင်းမရှိပါဘူး။ ဧပြီလမှာတော့ အလုပ်ပြန်တက်တဲ့ ရက်တွေကို နေ့စားခအနေနဲ့ တွက်ပြီး ရှင်းပေးတာ ဖြစ်ပါတယ်။ တစ်လစာ လခ အပြည့်မရှင်းပေးပါဘူး။ အလုပ်တက်ထားတဲ့ နေ့ရက်အရေအတွက်ကို တွက်ချက်ပြီး လက်မှတ်ထိုးပြီး လခ ထုတ်ယူရတာ ဖြစ်ကြောင်းသိရပါတယ်။ မေလ အတွက်တော့ လခ ရှင်းပေးမယ့် စနစ်ကို မသိရသေးပါဘူး။

    Tags

    False newsCDMNon CDMsalaryCoupevery six monthsလစာသတင်းအတု
    Read Full Article
    Claim :   CDM ဖက်ပြီး အလုပ်ပြန်ဝင်နေတဲ့ ဝန်ထမ်းတွေကို ၆ လ တစ်ကြိမ် လစာ ထုတ်ပေးမယ်လို့ မြဝတီ TV ချန်နယ်က ကြေညာသွားတယ်ဆိုတဲ့အကြောင်းအရာဟာ နောက်ပြောင်ဖန်တီးထားတဲ့အကြောင်းအရာသာဖြစ်ပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!