BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သတင်းအဟောင်းကို ပြန်လည်ဖြန့်ဝေတဲ့...
သတင်းအတု

သတင်းအဟောင်းကို ပြန်လည်ဖြန့်ဝေတဲ့ အနက်ရောင်မိုး ကိစ္စ

တရုတ်နိုင်ငံမှာ အနက်ရောင်မိုးရွာချပြီးလူတွေကိုဒဏ်ခတ်တယ်လို့ရေးသားသေမျှထားတဲ့ အကြောင်းအရာတစ်ခုပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  15 Oct 2020 2:53 PM IST
  • သတင်းအဟောင်းကို ပြန်လည်ဖြန့်ဝေတဲ့ အနက်ရောင်မိုး ကိစ္စ

    ဒီရေးသားဖြန့်ဝေမှုကိုတော့ သတင်းစုံဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က အောက်တိုဘာလ ၁၁ ရက်နေ့က စတင်ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ တစ်သောင်းရှစ်ထောင်ကျော်ရှိနေပြီး ပိုစ့်အောက်မှာ မှတ်ချက်ပေးသူ နှစ်ထောင်ကျော်ရှိနေပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "ရုတ်တရက်ကြီးဘဲ လူတွေပေါ်ရွာချလာပြီးတော့ ကားတွေပေါ်မှာပါ ပေကျန်နေစေခဲ့တဲ့ ဒီအနက်ရောင်မိုးကြောင့် တရုတ်ပြည်သူတစ်ရပ်လုံး အံသြထိတ်လန့်ခဲ့ရကြောင်း၊ တရုတ်ပြည်ဟာ မကြာသေးမီ အချိန် ကတည်းကနေ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရပြီးတော့ ပြည်သူတွေဟာ အဆိုပါသဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ရောဂါတွေကို ခံစားနေရပြီး နှစ်စဉ်သေဆုံးမှုတွေရှိနေကြောင်း၊ တရုတ်နိုင်ငံမှာ လကောင်းလေသန့် ပါဝင်တဲ့ လေဘူးတွေကို ရှော့ပင်းစင်တာတွေမှာ ဝယ်ယူအသုံးပြု နေကြရကြောင်း" ရေးသားထားတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံကို ပြစ်တင်ရှုတ်ချမှုတွေရှိသလို ဒီရေးသားဖြန့်ဝေထားတဲ့အောက်မှာလည်း အမုန်းစကားးတွေရေးသားဝေမျှမှုတွေရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    ဒီရေးသားဖြန့်ဝေမှုနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ရာမှာ ဒါက တရုတ်နိုင်ငံ ဟန်ဇူးပြည်နယ်မှာ ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့သတင်းအဟောင်းကိုပြန်လည်ဝေမျှနေတာဖြစ်ကြောင်းတွေ့ရှိရပါတယ်။ ဒီဖြစ်စဉ်ဟာ Hangzhou Keneng Dyestuff Co. , Ltd. ပိုင်စက်ရုံက စွန့်ပစ်ထားတဲ့ တိုင်ကီတွင်းက ခြောက်သွေ့နေတဲ့ ရေနံအမှုန့်များ လေတိုက်ရာမှာ ပါသွားခဲ့ပြီး မိုးအဖြစ်ပြန်လည် ရွာသွန်းခဲ့ရာမှာ အမည်းရောင်တွေအဖြစ် ရောနှောကျဆင်းခဲ့တာဖြစ်ပါတယ်။

    ဒီအကြောင်းကို တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ The Paper မှာ ၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလ ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။



    Tags

    Darkrainthe dry petroleum coke powderthe black rainရေနံအမှုန့်အနက်ရောင်မိုး
    Read Full Article
    Claim :   တရုတ်နိုင်ငံမှာ အနက်ရောင်မိုးရွာချတယ်ဆိုပြီး အများသူငှာ အထိတ်တလန့် ဖြစ်စေဘို့ ရည်ရွယ်ကာ ရေးသားဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!