ကျောင်းဆရာမတွေပုံကို အသုံးချပြီး သတင်းအမှားဖြန့်

ရွေးကောက်ပွဲမှာ မဲရုံတာဝန်ကျခဲ့တဲ့ ဆရာမတွေ မဲခိုးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း ဝန်ခံလိုက်ပြီ ဆိုတဲ့သတင်းအမှားတွေ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေမှုတွေရှိနေပါတယ်။

ဖြန့်ဝေရာမှာ ဆရာမတွေရဲ့ပုံတွေ အသုံးပြုပြီး "ကျောင်းဆရာမတွေ မဲခိုးခဲ့တယ်လို့ UEC က ဦးလှသိန်းက ဝန်ခံလိုက်ပြီဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးက မဲမသမာပြုခဲ့တဲ့အတွက် အရေးယူခံရရင် ဖြေရှင်းပေးခြင်း မပြုပဲ ဝန်ထမ်းအဖြစ်ကနေထုတ် ပယ်မည်ဖြစ်ကြောင်း၊ ဆရာမအချို့ မဲခိုးပေးမူကြောင့် သူတို့နာမည်ပျက်တာပါလို့ UEC က ဦးလှသိန်းက ပြောဆိုကြောင်း" ရေးသားဖြန့်ဝေနေတာပါ။

ဒီရေးသားဖြန့်ဝေနေမှုတွေကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ အများအပြားလည်း ရှိနေပါတယ်။ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေမှုတွေနဲ့ ပါတ်သတ်ပြီး အမှားတွေသာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင် ဖေစ့်ဘွတ်စာမျက်နှာမှာ နိုင်ဝင်ဘာလ ၂၅ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။


ကြေငြာချက်ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

တချို့ဖြန့်ဝေမှုများမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေငြာချက်ထုတ်ပြန်အပြီးတွင် ပိုစ့်အပါအဝင် ဖေစ့်ဘွတ်အကောင့်တွေကိုပါ ပြန်လည်ဖျက်သွားတာကို တွေ့ရပါတယ်။

Claim Review :   ရွေးကောက်ပွဲမှာ မဲရုံတာဝန်ကျခဲ့တဲ့ ဆရာမတွေ မဲခိုးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း ဝန်ခံလိုက်ပြီ ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story