BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • Page အတုနဲ့ဖြန့်တဲ့ တောင်ဒဂုံ...
      သတင်းအတု

      Page အတုနဲ့ဖြန့်တဲ့ တောင်ဒဂုံ Fever Clinic သတင်းအမှား

      ဒီရက်ပိုင်းအတွင်းမှာ ဒဂုံမြို့သစ်တောင်ပိုင်းက Fever Clinic နဲ့ ဆက်နွယ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  21 May 2020 10:49 AM IST
    • Page အတုနဲ့ဖြန့်တဲ့  တောင်ဒဂုံ Fever Clinic သတင်းအမှား

      ဒီသတင်းအမှားတွေကို Myanmar Update News ဆိုတဲ့ သတင်းမီဒီယာ အယောင်ဆောင်ထားတဲ့ Facebook Page အတု တစ်ခုက ဖြန့်ဝေရေးသားခဲ့တာ ဖြစ်ပါတယ်။

      အဆိုပါ ဖေ့စ်ဘွတ်ပေ့ချ်ဟာ မေလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၂ မိနစ်မှာ "ဒဂုံတောင်မြို့နယ် NLD ပါတီ အမတ် ဦးညီညီ South Dagon Fever Clinic မှ ပြည်သူများ လှူဒါန်းသော အလှူငွေများကို အလွဲသုံးစား ပြုလုပ်နေဟု တိုင်ကြား" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းအမှား တစ်ပုဒ်တင်ခဲ့ပါတယ်။

      အဲ့ဒီ သတင်းအမှားထဲမှာ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမည်မဖော်လိုသူ မြို့နယ်အလုပ်အမှုဆောင်တစ်ဦးမှ Myanmar People's News သတင်းဌာနသို့ ဒဂုံတောင်အမတ် ဦးညီညီ သည် ပြည်သူ့ငွေများ အလွဲသုံးစားပြုလုပ်နေသည်ဟုဆိုကာ လျှိုဝှက်စွာ သတင်းပေးတိုင်ကြားခဲ့သည်။ ညီညီက fever clinic ကို ဗန်းပြပြီး အလှူခံတယ်။ သူ့တပည့်ဖြစ်သူ Dr. Zaw Lin Bo ကို Volunteers မှာ အဖွဲ့ခေါင်းဆောင် ခန့်တယ်" ထည့်သွင်းရေးသားထားသည့်အချက်များပါဝင်ခဲ့သည်။

      အဆိုပါ သတင်းနဲ့အတူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ရဲ့ Facebook Profile ၊ South Dagon Fever Clinic တာဝန်ခံ ဒေါက်တာဇော်လင်းဘို ရဲ့ Facebook Profile နဲ့ Fever Clinic ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် တို့ကို Screen Shot ထားတဲ့ ပုံတွေကို တင်ထားတာဖြစ်ပါတယ်။

      ဒါ့အပြင် Fever Clinic မှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေတဲ့ ဆရာဝန် ၁၃ ယောက်ရဲ့ နာမည်၊ ဖုံးနံပါတ်နဲ့ ဆမ လိုင်စင်နံပါတ်တွေကိုပါ ၎င်း သတင်းအမှားနဲ့ အတူ ဖော်ပြထားပြီး ပြည်သူတွေ လှူဒါန်းတဲ့ ငွေကြေးတွေကို ဦးညီညီက ပါတီ အောင်နိုင်ရေးအတွက် သုံးမယ်လို့ ရေးထားပါတယ်။ Myanmar Update News ပေ့ချ်က တင်ထားတဲ့ သတင်းအမှားရဲ့ အောက်ဆုံးနားမှာတော့ Myanmar People's News က သတင်းထောက် မသဇင် က ဒီသတင်းကို ရေးသားထားတာလို့ ဖော်ပြထားပြီး ၎င်း ဖေ့စ်ဘွတ်ပေ့ချ်က ကူးယူ ဖော်ပြထားတာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

      သတင်းဆန်းစစ်ချက်

      Myanmar Update News ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတဲ့ သတင်းနဲ့ ပက်သက်ပြီး အချက်အလက် စစ်ဆေးဖို့ Boom Myanmar က South Dagon Fever Clinic တာဝန်ခံ ဒေါက်တာဇော်လင်းဘိုနဲ့ ဒဂုံမြိုသစ်တောင်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

      Facebook ပေါ်မှာ အကောင့်အတု နဲ့ တိုက်ခိုက်တာနဲ့ ပက်သက်ပြီး "အဓိက ပြဿနာကတော့ နာမည်ကြီး သတင်းမီဒီယာတစ်ခုက ဖေ့စ်ဘွတ်မှာ တင်လိုက်မယ်။ လူပုဂ္ဂိုလ်တစ်ဦးက သူ့ရဲ့ အကောင့်မှန်နဲ့ တင်လိုက်မယ်ဆိုရင် ကျွန်တော်တို့က အဲ့လောက်ကြီး ဖြစ်မှာ မဟုတ်ဘူး။ အခုက တင်သွားတဲ့ Page က စုံစမ်းကြည့်လိုက်တော့ အဲ့ သတင်းဌာနကလည်း တရားဝင် မရှိဘူးပေါ့နော်။ Page ကလည်း fake page ဖြစ်နေတယ်။ အကြောင်းအရာက အစထဲက မှားနေတယ်။ အကုန်လုံးက တောက်လျှောက်အလွဲတွေ။ မှန်တာဆိုလို့ တစ်ခုမှလည်း မပါဘူး" လို့ ဒေါက်တာဇော်လင်းဘိုက ဆိုပါတယ်။

      ဒီသတင်းအမှားတွေနဲ့ ပက်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက "Fake Post တွေ မဟုတ်တမ်းတရား သိက္ခာချတဲ့ ဒီ Page တွေ Facebook အကောင့်တွေကို ထိထိရောက်ရောက်မှ အရေးယူနိုင်ခြင်း မရှိဘူးဆိုရင် ရေရှည်မှာ ဒီထက်ဆိုးရွာတဲ့ ပြသနာတွေ၊ အထင်အမြင်လွဲမှားမှုတွေ၊ အလှူရှင်တွေရဲ့ စိတ်ကွက် စိတ်ပျက်မှုတွေက တိုးလာနိုင်တယ်လို့ ကျွန်တော်က ပြောချင်တယ်ဗျ။ အဲ့တော့ ဒါဟာ ရွေးကောက်ပွဲနီးလာတဲ့အပေါ်မှာ သက်သက်မဲ့ ပုံရိပ်ကျအောင်လို့ တိုက်ခိုက်တာလို့ ကျွန်တော်က ပြောချင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ လုံးလုံးမှ ခိုင်လုံခြင်း မရှိတဲ့ဟာကို သက်သက်ကြီးကို စိတ်ဓါတ်အောက်တန်းကျတဲ့ သဘောအနေနဲ့ လုပ်ထားတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်အနေနဲ့ကတော့ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ဖြစ်တဲ့အပေါ်မှာ အရေထူတယ်။ ဒီအပေါ်မှာ စိတ်ဓါတ်အားဖြင့် ကြံကြံခံနိုင်တယ် ဆိုပေမယ့်လည်း လုပ်အားပေး ဆရာဝန်တွေအနေနဲ့က အမေစုကို အားပေးထောက်ခံတဲ့အနေနဲ့ ပြည်သူ့အစိုးရကို အားပေးထောက်ခံတဲ့အနေနဲ့ ဝင်ရောက်လာတဲ့အခါမှာ ဒီလိုမျိုး အခြေအနေ အဖြစ်အပျက်မျိုးတွေကို မြင်ပြီးတော့ သူတို့ အများကြီး စိတ်ပျက်သွားနိုင်တယ်လေ။ သို့ပေမယ့် ကျွန်တော်တို့ တောင်ဒဂုံ Fever Clinic က ဆရာဝန်တွေကတော့ အင်မတန်မှ စိတ်ဓါတ်အားကောင်းတယ်။ အဲ့တော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ သူတို့ မတုန့်မဆိုင်းဘဲ ချက်ချင်းပဲ သူတို့ ၆၆ ဃ နဲ့ အမှုဖွင့်မယ်ဆိုပြီးတော့ သိရပါတယ်" လို့ ပြောပါတယ်။


      Myanmar Update News ဆိုတဲ့ Facebook Page ကို ဝင်ရောက်လေ့လာကြည့်တဲ့အခါမှာ ဒီ Page ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က စတင်ပြုလုပ်ခဲ့တာတွေ့ပြီး Page စတင် ပြုလုပ်ချိန်ကနေ အခု ဒီသတင်းကိုရေးသားနေချိန် မေလ ၂၀ ရက်နေ့အထိ သတင်းအပုဒ်ရေ ၂၆၂ ပုဒ်တင်ထားပါတယ်။ ဒီ သတင်းတွေထဲမှာ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ သတင်းတွေအပါအဝင် NLD ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအမှားပေါင်းများစွာ တင်ထားပါတယ်။ ဒါ့အပြင် ပြည်သူလွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်း ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ထားတဲ့သတင်း၊ သမ္မတဟောင်း ဦးသိန်းစိန် ရဲ့ အင်တာဗျူးသတင်း တစ်ပုဒ်နဲ့ ဒုလ္လဘ ရဟန်းဝတ်တဲ့ သတင်းဓါတ်ပုံတို့ကိုလည်း တင်ထားပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ သတင်းစာရှင်းလင်းပွဲ သတင်းတစ်ပုဒ်အပါအဝင်၊ ပြည်ခိုင်ဖြိုး ပါတီရဲ့ တပ်မတော်ထောက်ခံပွဲ သတင်းတို့ကိုလည်း တင်ထားပါတယ်။ ဒီ Page အတုဟာ လက်ရှိမှာ Page Like ၂၄၀၀၀ ကျော်ရှိနေပါတယ်။


      Tags

      Fake NewsFake PageSouth Dagon Fever Cliniccoronavirus Myanmar
      Read Full Article
      Claim :   Myanmar Update News ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတဲ့ သတင်းနဲ့ ပက်သက်ပြီး South Dagon Fever Clinic တာဝန်ခံ ဒေါက်တာဇော်လင်းဘိုနဲ့ ဒဂုံမြိုသစ်တောင်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ တို့ကို Boom Myanmar က ဆက်သွယ်မေးမြန်း ပြီး အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!