BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖားအောက်မှာ...
သတင်းအတု

ဖားအောက်မှာ ရဟန်းခံတယ်ဆိုတဲ့နိုင်ငံခြားသားတွေရဲ့ပုံတွေက ဘယ်ကလဲ

ဘယ်လ်ဂျီယမ်၊ ကိုရီးယားနဲ့ တောင်အာဖရိကနိုင်ငံက နိုင်ငံသားအများအပြား ဖားအောက်ရိပ်သာမှာလာရောက် ရဟန်းခံတယ်ဆိုတဲ့ ရေးသားမှူတွေကို ဖြန့်ဝေသူအများအပြားရှိခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  4 July 2020 2:01 PM IST
  • ဖားအောက်မှာ ရဟန်းခံတယ်ဆိုတဲ့နိုင်ငံခြားသားတွေရဲ့ပုံတွေက ဘယ်ကလဲ

    ပေ့ချ်တွေနဲ့ သတင်းအမည်ခံဝဘ်ဆိုက်တွေမှာအများအပြားပျံ့နှံ့ခဲ့တဲ့ ဒီအကြောင်းအရာတွေဟာ တကယ်တော့ ပုံအဟောင်းတွေကို ကူးယူပြီးဖန်တီးထားတဲ့ သတင်းအတုတွေသာဖြစ်ပါတယ်။

    ဒီသတင်းအတုကို Kalaykalar နဲ့ PWINTSAN ဆိုတဲ့ ဝက်ဘ်ဆိုက်တွေမှာ ဇွန်လ ၁၆ ရက်နေ့က စတင်ရေးသားဖြန့်ဝေခဲ့တာ တွေ့ရပြီး ယင်းနေ့ညနေပိုင်းမှာပင် ဖေစ့်ဘွတ်ပေချ့် အများအပြားက ထပ်ဆင့်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။


    အဆိုပါ သတင်းအတုထဲမှာရေးသားထားတာက "ဘယ်လဂျီယမ်နိုင်ငံသား (၄၄ ဦး)၊ ကိုရီးယား (၃ ဦး)၊ တောင်အာဖရိက(၄ ဦး) ဒီကနေ့ ဖားအောက်ရိပ်သာမှာ လာရောက်ရဟန်းခံကြပြီး ကိုရီးယားသူ (၅ ဦး)က (ရက်-၉၀) တိတိ တရားအားထုတ်ဖို့ သီလရှင်ဝတ်ကြပါတယ်။ အနောက်ကမ္ဘာမှာတော့ ဘုရားရှင်ရဲ့ အဆုံးအမတွေကို ပညာတတ်အသိုင်းအဝိုင်းတွေက ရာနှုန်းပြည့်နီးပါး ယုံကြည်ကြပြီး အုံနဲ့ကျင်းနဲ့ အလုံးအရင်းနဲ့ ဘာသာပြောင်းတွေများလာခဲ့ပါတယ်။ အဓိက, ကတော့ မြန်မာပြည်ကိုလာပြီး လက်တွေ့ တရားအားထုတ်တာပါပဲ။ တရားတော်တွေကို ကမ္ဘာသုံး အင်္ဂလိပ်စကားနဲ့ ကျွမ်းကျွမ်းကျင်ကျင် ရှင်းလင်းပြောပြနိုင်မယ့် သံဃာ၊ သီလရှင်အရေအတွက်ကတော့ နည်းနေပါသေးတယ်" လို့ရေးသား ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဒီသလိုရေးသားထားတဲ့အကြောင်းအရာကို ဖေစ့်ဘွတ်ပေါ်မှာ ထပ်ဆင့်မျှဝေသူ ထောင်ချီရှိနေပြီး ဆက်လက်ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို ဆန်းစစ်ဖို့ Boom Myanmar က ရေးသားဖြန့်ဝေမှုမှာပါဝင်တဲ့ ဓါတ်ပုံတွေကို စိစစ်ရှာဖွေခဲ့ပါတယ်။ ဒီလိုရှာဖွေရာမှာ ဒီသတင်းထဲမှာပါတဲ့ပုံတွေဟာ ပိုစ့်မှာ ရေးသားထားသလို ဖားအောက်ရိပ်သာမှာ လာရောက်ရဟန်းခံတဲ့ ပုံတွေမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေကအွတခြားသော နိုင်ငံခြားဝဘ်ဆိုက်တွေနဲ့ လူပုဂ္ဂိုလ်တချို့တင်ထားတဲ့ပုံတွေကို ကူးယူပြီးဖြစ်စဉ်အသစ်အနေနဲ့ ပြန်လည်ရေးသားဖြန့်ဝေထားတာတွေဖြစ်ကြောင်းတွေ့ရပါတယ်။ ပထမနမူနာပုံကို အောက်ပါပုံမှာကြည့်ပါ။


    အထက်ပါပုံနှစ်ပုံမှာ ညာဖက်ပုံကတော့မူရင်းပုံဖြစ်ပြီး မူရင်းပုံအရ ဘယ်လ်ဂျီယံနိုင်ငံရှိ Fashen ဘုရားကျောင်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရဟန်းခံပွဲမှ ပုံများသာဖြစ်ကြောင်းရေးသားပါရှိပါတယ်။မူရင်းပုံတွေဟာ ဥရောပနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပစဉ်ကပုံတွေဖစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံက ရဟန်းခံသူ ၂၄ ဦးပါဝင်ခဲ့ကြောင်း သိရပါတယ်။ မူရင်းပုံကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ဒီသတင်းမှာ ပါတဲ့ နောက်ထပ် ဓါတ်ပုံတစ်ပုံကတော့ Sati Saraniya Hermitage ဆိုတဲ့ ဘလော့ဝက်ဘ်ဆိုက်မှာ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က ဖြန့်ဝေရေးသားမှုထဲက ရယူထားတာဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံကို ကြည့်ပါ။


    ဒီပို့စ်မှာထည့်သွင်းရေးသားထားတဲ့နောက်ထပ်ပုံတစ်ပုံကိုကြည့်ရအောင်ပါ။ မူရင်းပုံဟာ ၂၀၀၆ ခုနှစ်က Blog တစ်ခုမှာရေးသားထားတဲ့ ပို့စ်ထဲကပုံဖြစ်ပါတယ်။ အဲ့ဒီ ဘလောါဟာ ပုံထဲမှာပါတဲ့ သီလရှင် အမျိူးသမီးကိုယ်တိုင်ရေးသားတဲ့ ဘလော့ဖြစ်ပြီး ဒီအမျိူးသမီးက ရွှေတိဂုံစေတီတော်မှာ သီလရှင်ဝတ်ခဲ့တဲ့ သူရဲ့ အတွေ့အကြုံတွေကို ရေးသားခဲ့တာဖြစ်ပဲ ဖြစ်ပါတယ်။ မူရင်းပိုစ့်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ဘာသာရေးဆိုင်ရာ ယုံကြည်မှူတွေနဲ့ပတ်သက်တဲ့ သတင်းတွေအများစုကို လူတွေစိတ်ဝင်တစားရှိကြသလို သတင်းဝဘ်ဆုက်အတုတွေဖန်တီးတဲ့သူတွေထဲမှာလည်း ဒီလို သတင်းအတုတွေပြန်လည်ဖန်တီးပြီး ဝေမျှမှူတွေရှိတာာကြောင့် ဒီလိုအကြောင်းအရာတွေကို Boom Myanmar ကဆန်းစစ်ပေးလိုက်ပါတယ်။ဖားအောက်ရိပ်သာ, ရဟန်းခံ, ဘယ်လ်ဂျီယမ်, နိုင်ငံခြားသား, Belgian Fashen Temple, European international Dharma payers, Short-term monks

    Tags

    Belgian Fashen TemplemonksmonkhoodBuddhism in EuropeBuddhismshort-term monkhood
    Read Full Article
    Claim :   ဘယ်လ်ဂျီယမ်၊ ကိုရီးယားနဲ့ တောင်အာဖရိကနိုင်ငံက နိုင်ငံသားအများအပြား ဖားအောက်ရိပ်သာမှာလာရောက် ရဟန်းခံတယ်ဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေမမှူတွေကို BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!