BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မလှိုင်က အောင်ချက်ကောင်းတဲ့...
သတင်းအတု

မလှိုင်က အောင်ချက်ကောင်းတဲ့ ကျောင်းနဲ့ပတ်သက်တဲ့ သတင်းအမှား

အွန်လိုင်းပေါ် ဖြန့်ဝေနေတဲ့ သတင်းအမှားတွေအနက် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ပုဂ္ဂိုလ်စွဲအရ စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးရှိနေတဲ့အထဲက အခုတင်ပြမယ့် အကြောင်းအရာက ဆယ်တန်းအောင်ချက်နဲ့ဂုဏ်ထူးထွက်သူဦးရေများပြားတဲ့ မကွေးတိုင်းက သတင်းအပေါ်အခြေံထားတဲ့သတင်းအမှားတစ်ခုကို တင်ပြမှာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  17 Aug 2020 9:23 PM IST
  • မလှိုင်က အောင်ချက်ကောင်းတဲ့ ကျောင်းနဲ့ပတ်သက်တဲ့ သတင်းအမှား

    ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အောင်စာရင်းထွက်ချိန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ကောင်းခဲ့တဲ့ မကွေးမြို့ မိသားစုကိုယ်ပိုင်ကျောင်းဟာ ပိုက်ဆံတတ်နိုင်သူတွေသာ တက်နိုင်တဲ့ကျောင်းဖြစ်ပြီး တစ်နှစ်ကို သိန်းတစ်ရာဝန်းကျင် ကုန်ကျတယ်လို့ ရေးသားဖြန့်ဝေနေတာပါ။

    ဒီသတင်းကို နေ့သစ်မြန်မာ ဆိုတဲ့ သတင်းဝက်ဘ်ဆိုက်မှာ ရေးသားထားခဲ့ပြီး ယင်းဝက်ဘ်ဆိုက်ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ သြဂုတ်လ ၁၀ ရက်နေ့က ပြန်လည်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ပြန်လည်လည်ဖြန့်ဝေသူ ငါးထောင့်ခြောက်ရာကျော် အထိရှိနေပြီး ဆက်လက်ဖြန့်ဝေနေဆဲဆိုတာ တွေ့ရပါတယ်။ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်။

    ရေးသားဖြန့်ဝေနေမှုထဲမှာ " တော်တဲ့လူတွေပဲ ရွေးလက်ခံတာဆိုတော့ အောင်ကြမှာပဲဆိုတဲ့ သဘော။ အဲ့ဒိကျောင်း ဝင်ခွင့်တင် နှစ်သိန်း ပေးရတယ် ဆိုတယ်။ ဝင်ခွင့်မှာတင် တစ်နိုင်ငံလုံးက ပိုက်ဆံတတ်နိုင်တဲ့ သားသမီးတွေ သူ့ထက်ငါ လာဖြေကြတယ်။ ဝင်ခွင့်ရပြီ။ နေခွင့်ရပြီဆိုရင် ကျောင်းဝင်ကြေး၊ ဒိပြင်အကုန်အကျနဲ့ တစ်နှစ်စရိတ်က သိန်းတစ်ရာ ပတ်လည်လောက် ရှိတယ်ပေါ့။ အခြားအခြား တစ်နှစ်ကို သားလေးသမီးလေး ဆယ်တန်းအောင်ဖို့ ဆယ်သိန်းလောက်ကို မနည်းကြိုးစား ရှာပြီး နီးစပ်ရာ ဘော်ဒါ၊ ကျူရှင်မှာ ထားကြရတဲ့ မိဘတွေ ရှိတယ်။ တချို့ကျ သားသမီးကို အပြင်ဘော်ဒါထားဖို့ ပိုက်ဆံမတတ်နိုင်တာကြောင့် "ဘက" လို ပရဟိတတွေဆီမှာ ထားကြရတယ်" ဆိုပြီး ရေးသားထားတာပါ။

    သတင်းဆန်းစစ်ချက်

    တကယ်တော့ ဒီအကြောင်းအရာကို ဖေါ်ပြထားတဲ့ ဝဘ်ဆိုက်ဟာ တရားဝင်သတင်းဝဘ်ဆိုက်တစ်ခုမဟုတ်သလို၊ အဲ့ဒီဝဘ်ဆိုက်မှာဖေါ်ပြထားတဲ့အကြောင်း အရာတော်တော်များမျျားဟာလည်း ဖေ့စ်ဘွတ်မှာရေးသားကြတဲ့ အချက်အလက်အကိုးအကားမပါတဲ့ ပို့စ်တွေကို ပြန်လည်ကူးယူဖေါ်ပြပြနေတဲ့ဝဘ်ဆိုက်တစ်ခုသာဖြစ်တာကြောင့် အပြည့်အဝယုံကြည်လို့ရတဲ့ ဝဘ်ဆိုက်တစ်ခုမဟုတ်ပါဘူး။

    ဒီဖြန့်ဝေနေတဲ့ သတင်းပါ အချက်တွေဟာ လုပ်ကြံရေးသားထားတာဖြစ်ပြီး မှားယွင်းေနေကြာင်း ပိုစ့်အောက်မှာပေးထားတဲ့ ကျောင်းသားမိဘအချို့က မှတ်ချက်ပေးထားကြပါတယ်။


    ဖော်ပြပါ မှတ်ချက်တွေအရ ဖြန့်ဝေမှုပါ အချက်အလက်တွေနဲ့ပတ်သက်ပြီစိစစ်ဖို့ BOOM က မိသားစုကိုယ်ပိုင်ကျောင်း မကွေး ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    "ကုန်ကျစရိတ်က ကျောင်းသားတွေပေါ်မှာပဲ မူတည်တယ်။ သူတို့သုံးရင် သုံးသလောက် ကုန်တာပေါ့။ ပြီးခဲ့တဲ့နှစ်က တစ်နှစ်လုံးဘော်ဒါ နေတာအပါအဝင်အားလုံး ၃၆ သိန်းကျပါတယ်။" လို့ မိသားစုကိုယ်ပိုင်ကျောင်း မကွေးကတာဝန်ရှိသူ ဒေါ်သန်းဌေးက BOOM Myanmar ကိုပြောပါတယ်။

    "သူတို့ပြောနေတဲ့ နှစ်သိန်းဆိုတာ ကျောင်းဝင်ခွင့်အတွက် ပေးရတာမဟုတ်ဘူး။ အဲ့နှစ်သိန်းက တစ်နှစ်လုံးစာပေးရတဲ့ ၃၆ သိန်းမှာ ပါတယ်။ ဒီနှစ်တော့ ဘော်ဒါဆောင်မရှိပါဘူး။" လို့ ဆက်လက် ပြောကြားထားပါတယ်။

    ၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မိသားစုကိုယ်ပိုင်ကျောင်း မကွေးက ရရှိခဲ့တဲ့အောင်စာရင်းကို ကျောင်းရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ သြဂုတ်လ ၉ ရက်နေ့က ဖော်ပြထားချက်အရ မြန်မာတစ်နိုင်ငံလုံး အဆင့်(၃) ရရှိသူ တစ်ဦးအပါအဝင် မန္တလေးတိုင်းဒေသကြီးတွင် အမှတ်အများဆုံးရရှိသူ၁၀ဦးစာရင်း မှာ ၆ ဦး၊ မကွေးတိုင်းဒေသကြီးတွင် အမှတ်အများဆုံး ရရှိသူ၁၀ဦးစာရင်းမှာ ၆ ဦး ပါဝင်ခဲ့ပြီး ဂုဏ်ထူးအခုရေ စုစုပေါင်း ၁၂၂၆ ခု ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Matriculum Exam2019-2020 ExamPrivate SchoolFake NewsEducationMyanmarExam result
    Read Full Article
    Claim :   ဆယ်တန်းအောင်ချက်နဲ့ဂုဏ်ထူးထွက်သူဦးရေများပြားတဲ့ မကွေးတိုင်းက ကိုယ်ပိုင်ကျောင်းတစ်ခုအကြောင်း အချက်အလက်အမှားတွေဖြန့်ဝေနေတဲ့အတွက် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!