BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • နီလာဒံပေါက်နဲ့ Foodpanda သတင်းအမှား
      သတင်းအတု

      နီလာဒံပေါက်နဲ့ Foodpanda သတင်းအမှား

      နီလာဒံပေါက် ပိုင်ရှင် ဦးတင်လှကွယ်လွန်ကြောင်းနဲ အဆိုပါဆိုင်နဲ့ဆက်စပ်သူ Foodpanda မှ Delivery ဝန်ထမ်း အယောက် (၇၀) တွင်လည်း COVD-19 ရောဂါပိုးတွေ့ရှိတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့နေမှုတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  2 Oct 2020 4:34 PM IST
    • နီလာဒံပေါက်နဲ့ Foodpanda သတင်းအမှား

      စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက စတင်ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းကို ပြန်လည်ဖြန့်ဝေသူတွေ အများအပြားရှိခဲ့ပြီး နီလာဒံပေါက်က မှာယူစားသောက်ခဲ့သူတွေ Foodapanda က လိုက်လံပို့ဆောင်သူတွေနဲ့ ထိတွေ့ခဲ့သူတွေနဲ့ ထိစပ်ခဲ့သူတွေကြားမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      တကယ်တော့ နီလာဒံပေါက်ဆိုင်ပိုင်ရှင် ကွယ်လွန်တဲ့ပို့စ်တွေကို တစ်ယောက်စနှစ်ယောက်စ တင်ခဲ့ရာကစပြီး ဆင့်ပွားကူးယူဲဖြန့်ချိမှုတွေကြောင့် လူအများထံပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေအပေါ်နီလာဒံပေါက်ဆိုင်ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်ဖြစ်တဲ့ Nilar Biryani & Cold Drink က လွန်ခဲ့တဲ့ ၄ နာရီခန့် စက်တင်ဘာလ ၂ ရက်နေ့မှာ မှာ ဒီသတင်းမှားနဲ့ ပတ်သတ်ပြီး ဒါဟာ မှားယွင်းကြောင်း ကြေငြာထားခဲ့ပါတယ်။

      "နီလာဒံပေါက် ပိုင်ရှင် ဦးတင်လှကွယ်လွန်ခြင်း မရှိကြောင်းနဲ့ Food Panda အယောက် ၇၀ နဲ့ သက်ဆိုင်မှုမရှိကြောင်း၊ သတင်းမှားတွေကို ပိုစ့်တင်သူနဲ့ ဖြန့်ဝေသူတွေကို အရေးယူသွားမယ်" လို့ ရေးသားထားပါတယ်။ နီလာဒံပေါက်က ကြေငြာထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


      နီလာဒံပေါက်ဆိုင်ပိုင်ရှင်သေဆုံးတယ်လို့ သတင်းတင်ခဲ့သူ Zaw Min Htike ဆိုတဲ့ ဖေ့ဘွတ်အကောင့်ပိုင်ရှင်ကလည်း သူ့ရဲ့ပိုစ့်ကို ပြန်လည်ဖြုတ်ချခဲ့ပြီး ဖြန့်ဝေခဲ့ရခြင်းအကြောင်း ရေးသားထားတဲ့ပိုစ့်ကို စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က အသစ်ထပ်မံတင်ခဲ့ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


      အလားတူ foodpanda က Delivery အယောက် (၇၀) မှာ COVD-19 ရောဂါပိုးတွေ့ရှိတာနဲ့ ပါတ်သတ်ပြီး သီးခြားထုတ်ပြန်ချက် မထုတ်ပြန်ပေမယ့် foodpanda ဖေစ့်ဘွတ်ပေချ့်က ဒီနေ့တင်တဲ့ ပိုစ့်တစ်ခုအောက်မှာ စားသုံးသူတစ်ဦးမေးမြန်းထားမှုကို ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။


      Foodpanda ရဲ့ရှင်းလင်းချက်မှာ "သတင်းအမှားပါခင်ဗျာ။ နီလာ ဒံပေါက်ဘက်မှလည်း သတင်းအမှန် မဟုတ်ကြောင်းကို တရားဝင်ကြော်ငြာပေးထားပါတယ်ခင်ဗျာ။ foodpanda နှင့်အတူ မိတ်ဘက်စားသောက်ဆိုင်များအနေနဲ့ customer များရဲ့ ကျန်းမာရေးကိုအထူးအလေးထားဆောင်ရွက်လျက်ရှိနေပါတယ်ခင်ဗျာ။" ဆိုပြီးရှင်းလင်းထားတာပါ။ ဒီနေရာ မှာ ဖော်ပြထားတဲ့ ပိုစ့်အောက်က မှတ်ချက်တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      ဖြည့်စွက်ချက် -

      နီလာဒံပေါက် ပိုင်ရှင် ဦးတင်လှဟာ ယခုသတင်းတင်ပြီးနောက်တစ်နေ့ မှာကွယ်လွန်ခဲ့ပါတယ်။ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉း၂၀ မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း အတည်ပြုတဲ့ပို့စ်ကိုတော့နီလာဒံပေါက်ဆိုင်ရဲ့ ဖေ့စ်ဘွတ် ပေ့ခ်ျဖြစ်တဲ့ Nilar Biryani & Cold Drink မှာ ကြေငြာထားပါတယ်။ ကြေငြာထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။



      Tags

      #Fake NewsCOVID-19coronavirus Myanmarcoronavirus cases
      Read Full Article
      Claim :   နီလာဒံပေါက် ပိုင်ရှင် ဦးတင်လှကွယ်လွန်ကြောင်းနဲ အဆိုပါဆိုင်နဲ့ဆက်စပ်သူ Foodpanda မှ Delivery ဝန်ထမ်း အယောက် (၇၀) တွင်လည်း COVD-19 ရောဂါပိုးတွေ့ရှိတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့နေမှုတွေနဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!