BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မူဆယ် ၁၀၅ မိုင်...
သတင်းအတု

မူဆယ် ၁၀၅ မိုင် စခန်းကုန်းတိုက်ပွဲအကြောင်း ဖြန့်ထားတဲ့ သတင်းအမှား

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲက မူဆယ် ၁၀၅ မိုင် စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်တွေက မြောက်ပိုင်း ညီနောင် မဟာမိတ်တွေကို တိုက်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Dec 2023 8:55 PM IST
  • မူဆယ် ၁၀၅ မိုင် စခန်းကုန်းတိုက်ပွဲအကြောင်း ဖြန့်ထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Lin Thein Win ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကိုထဲမှာ မူဆယ် ၁၀၅ မိုင် စစ်ပွဲမှာ မြောက်ပိုင်းညီနောင် တပ်ဖွဲ့တွေကို စစ်တပ်က အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီသတင်းအမှားထဲမှာ MNDAA၊ KIA၊ TNLA ၊ AA ၊ PDF/ BPLA စတဲ့ အဖွဲ့တွေက အင်အား ၁၀၀၀ စီနဲ့ KNDF အဖွဲ့က (၈၀) တို့ ပါဝင်တဲ့ အင်အား ၆ ထောင်ကျော်နဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်ဖို့ သဘောတူခဲ့ပြီး တကယ်တမ်း အင်အားမလုံလောက်လို့ အင်အား ၃၀၀၀ လောက်သာ ပါဝင်ခဲ့ကြောင်း၊ ၎င်းအဖွဲ့တွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ပစ်ခတ် ချေမှုန်းခဲ့တဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေဘက်က သေဆုံးမှု များပြားခဲ့ကြောင်း၊ ၁၀၅ မိုင် တိုက်ပွဲမှာ စစ်တပ်ဘက်က အသာစီးရကာ အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို Like လုပ်ထားသူ များစွာနဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မူဆယ် ၁၀၅ မိုင် တိုက်ပွဲမှာ မြောက်ပိုင်း ညီနောင်မဟာမိတ် တပ်ဖွဲ့တွေကို စစ်ကောင်စီက တိုက်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ညီနောင် မဟာမိတ်တပ်တွေဟာ ရှမ်းပြည်မြောက်ပိုင်းက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဗျူဟာစခန်းကုန်းကို နိုဝင်ဘာလ ၂၇ ရက်နေ့ထဲက ထိုးစစ်ဆင်ခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၄ ရက်နေ့က စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    စခန်းကုန်း သိမ်းခံရပြီးနောက် စစ်တပ်ဘက်က ပြန်လည်ရယူဖို့ ကြိုးစားကာ စစ်ရဟက်ယာဉ်တွေ၊ တိုက်လေယာဉ်တွေနဲ့ လာရောက်ပစ်ခဲ့ခတ်ပေမယ့် ၁၀၅ မိုင် စခန်းကုန်းကို ပြန်လည်ရယူနိုင်ခြင်း မရှိပါဘူး။

    ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကလည်း သူ့ရဲ့ တွစ်တာ လူမှုကွန်ယက်ပေါ်မှာ “သာလီစွပါ ၁၀၅ မိုင်” လို့ ရေးသားကာ အဆိုပါ စခန်းကုန်းပေါ်မှာ သိမ်းဆည်းရမိထားတဲ့ တင့်ကား ၂ စီးနဲ့ AA အလံ လွှင့်ထူထားတဲ့ ဓါတ်ပုံကို ဖော်ပြထားပါတယ်။ AA စစ်ဦးစီးချုပ် တင်ထားတဲ့ Twitter ပေါ်တင်ထားတဲ့ ပိုစ့်ကို ဒီနေရာမှာ ကြည့်ပါ။


    စစ်ကောင်စီတပ်တွေဟာ ၁၀၅ မိုင် စခန်းကုန်းကို လုံးဝ လက်လွတ်ခဲ့ရတာဖြစ်ပြီး ပြန်လည်တိုက်ယူနိုင်ခြင်းလည်းမရှိပါဘူး။ သတင်းအမှားဖြန့်သူက လုပ်ကြံရေးသားထားတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsNorthern Alliance - BurmaThree Brotherhood Allianceမြောက်ပိုင်း မဟာမိတ်ညီနောင် မဟာမိတ်စစ်ကောင်စီမူဆယ် ၁၀၅ မိုင်စခန်းကုန်း
    Read Full Article
    Claim :   မူဆယ် ၁၀၅ မိုင် စစ်ပွဲမှာ မြောက်ပိုင်းညီနောင် တပ်ဖွဲ့တွေကို စစ်တပ်က အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!